မြင့်မြတ်ကိုအလွန်အကျူးချီးမွမ်းသွားတဲ့ ဒါရိုက်တာဝင်းထွန်းထွန်း

မြင့်မြတ်ကိုအလွန်အကျူးချီးမွမ်းသွားတဲ့ ဒါရိုက်တာဝင်းထွန်းထွန်း

မြန်မာရုပ်ရှင်ကားကောင်းတွေအများကြီးကို ဖန်တီးရိုက်ကူးထားပြီး ကိုယ့်အနုပညာအပေါ် နောက်ကျောလုံလုံနဲ့ချပြလေ့ရှိတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းကတော့ မြန်မာနှစ်ကူးအစပိုင်းရက်တွေမှာပဲရုံတင်ပြသတော့မယ့် သစ္စာနန်းတော် ရုပ်ရှင်ဇာတ်လမ်းကြီး ရိုက်ကူးဖြစ်တဲ့အဓိကအကြောင်းအရင်းတွေကို အနုပညာအလင်းတန်းဂျာနယ် နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။

သစ္စာနန်းတော် ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းက “ဒီကားလေးရိုက်ဖြစ်တာကတော့ ကျနော့်သားတော်မောင်မြင့်မြတ်အတွက်ပါ။ မြင့်မြတ်ကအဲ့ဒီလို ဒရာမာကိုပိုင်နိုင်ကျွမ်းကျင်စွာနဲ့လုပ်နိုင်တယ် ။အဲ့ဒီလိုစူပါမင်းသမီးကြီးစိုးမြတ်သူဇာနဲ့လည်းပြိုင်ပြီးလုပ်နိုင်တယ်ဆိုတာကို ကျနော်ပရိသတ်ကိုသိစေချင်လို့ကျနော်ဒီကားကို ကျနော်တည်လိုက်တာပါ။ ပရိသတ်အားလုံးအားလုံး မြင့်မြတ် ဒရာမာ မှာအရင်တုန်းကလိုပါပဲလားဆိုတာ ပရိသတ်ခံကိုခံစားရပါမယ်။သားတော်မောင် မြင့်မြတ်ကဒရာမာပတ်သက် ဒါပေမယ့်ခေတ်ကာလရဲ့တောင်းဆိုမှု ပရိသတ်ရဲ့တောင်းဆိုမှုကြောင့် သူကရယ်စရာကားလေးတွေကိုရိုက်ရပါတယ်။ ရိုက်ရပေမယ့်ခုလိုကျနော်နဲ့ပြန်ဆုံတဲ့အချိန်မှာ သားတော်မောင်မြင့်မြတ်အကြောတောင်မလျော့လိုက်ရပါဘူး ။

သူလုပ်သွားတဲ့Acting မြင့်မြတ် စိုးမြတ်သူဇာနဲ့ပထမဆုံးစဆုံတဲ့ Scene ဆိုလို့ရှိရင် ပွင့်ပွင့်လင်းလင်းပြောရရင် စိုးမြတ်သူဇာကTake One လောက်ပြန်ရိုက်လိုက်ရတယ်။ ကျနော့်သားတော်မောင်မြင့်မြတ်ကတော့ အဲ့ဒီScenetအရှည်ကြီးကို တောက်လျှောက် မျက်ရည်ပေါက်ပေါက်ကျအောင်သရုပ်ဆောင်ခဲ့တာပါ။ဒါဘာလဲဆိုတော့ မြင့်မြတ်ဟာဒရမာနဲ့ပတ်သတ်ရင် အင်မတန်ပိုင်နိုင်တဲ့မင်းသားဆိုတာ ကျနော့်သားကိုကျနော်ပြန်ကြွားထားတဲ့ကားလေးပါ။ ဒီကားထဲမှာပါတဲ့ဇာတ်လမ်းအရသရုပ်ဆောင်ရတာ တစ်ခန်းပဲပါပါ နှစ်ခန်းပဲပါပါ Main ဇာတ်ကောင်ဆိုတာမရှိပါဘူး ။ပါတဲ့သရုပ်ဆောင်အားလုံးကို ကျနော်လိုချင်တဲ့ Acting Detail ပေါ့ Detail by Detailကိုခိုင်းတာ ဘယ်လောက်ခိုင်းသလဲဆိုရင် စိုးမြတ်သူဇာပြောသွားသလိုပဲ စိတ်ဆိုးတယ်

သူနောက်တစ်ခါထပ်မရိုက်တော့ဘူးထိအောင်ဆုံးဖြတ်ရလောက်အောင် သူတို့ကိုကျနော်ခိုင်းထားပါတယ်။ အဲ့ဒါကြောင့် Scene တိုင်း Scene တိုင်း Cut တိုင်း Cut တိုင်းမှာပရိသတ်ရင်ထဲကို ထိထိမိမိရောက်သွားရတာပါ။ အခုကျနော်အမောလည်းပြေပါတယ်။ဒီနေ့က ကျနော့်အတွက်ရင်ခုန်ရတဲ့နေ့ပေါ့နော်ကိုယ်ကတော့ပြလိုက်တာပဲ ဒါပေမယ့်ကိုပြတဲ့ပြကွက်တိုင်းက ပရိသတ်နားမလည်သွားရင်ဆိုတဲ့စိုးရိမ်စိတ်လေးတော့ရှိတယ်။ အခုထွက်လာတဲ့အချိန်မှာ ကျနော်ပေးလိုက်တဲ့ ဒိုင်ယာလော့ခ်တစ်ခွန်းမှမပြောဘဲ စိုးမြတ်သူဇာလုပ်ပြလိုက်တဲ့ Acting လေးပေါ်မှာအားလုံးနားလည်ခံစားပေးလိုက်ရပါတယ်။ ကျနော်ကြိုးစားရကျိုးလည်းအရမ်းနပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုပြီး”ပြောပြသွားပါတယ်။

Comments are closed.