Instagram မှာ Follower အများဆုံးသော ကိုရီးယားအနုပညာရှင်အဖြစ်နဲ့ တရားဝင်သတ်မှတ်ခံလိုက်ရတဲ့ Chanyeol

Instagram မှာ Follower အများဆုံးသော ကိုရီးယားအနုပညာရှင်အဖြစ်နဲ့ တရားဝင်သတ်မှတ်ခံလိုက်ရတဲ့ Chanyeol

နိုင်ငံတကာအနုပညာရှင်တွေဟာ ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့အတွက် လူမှုကွန်ရက်တွေကို အသုံးပြုကြတဲ့အခါမှာ Instagram နဲ့ Twitter ကို အများဆုံးအသုံးပြုကြလေ့ရှိပါတယ်။ ဒါကြောင့် ကိုရီးယားအနုပညာရှင်တွေဟာလည်း ထိုလူမှူကွန်ရက် ၂ ခုကို အသုံးများကြပြီး Instagram ကိုတော့ ပိုမိုပြီးအသုံးများကြတဲ့အတွက် သူတို့တွေကိုယ်တိုင်အသုံးပြုတဲ့အကောင့်တွေရဲ့ Follower အရေအတွက်ဟာလည်း သန်းနဲ့ချီပြီးတော့ကို များပြားကြပါတယ်။

ဒီလိုမျိုး Follower တွေ သန်းနဲ့ချီရှိနေတဲ့ ကိုရီးယားအနုပညာရှင်တွေထဲမှာမှ Follower အများဆုံးသော ကိုရီးယားအနုပညာရှင်အဖြစ်နဲ့ သတ်မှတ်ခံလိုက်ရသူကတော့ EXO အဖွဲ့ဝင် Chanyeol ပါပဲ။ Chanyeol ဟာ အရင်နှစ်တွေတုန်းက Follower အများဆုံးသော ကိုရီးယားအနုပညာရှင်အဖြစ်နဲ့ သတ်မှတ်ခံထားခဲ့ရတဲ့ G-Dragon ကို ကျော်ဖြတ်ပြီး ဒီနှစ်မှာတော့ တရားဝင်အသတ်မှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက Instagram ကနေ တောင်ကိုရီးယားနိုင်ငံရဲ့အကောင့်တွေထဲမှာ Follower အများဆုံးသောအကောင့်တွေရဲ့ စာရင်းကို ထုတ်ပြန်ပေးခဲ့ပြီး 2018 Instagram Awards အဖြစ်နဲ့ သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီအချိန်ထိ G-Dragon ဟာ ၂၀၁၄ ခုနှစ်ကတည်းကနေ ၂၀၁၈ ခုနှစ်အထိ Follower အများဆုံးသော ကိုရီးယားအနုပညာရှင်ဆိုတဲ့ သတ်မှတ်ချက်တစ်ခုကို ထိန်းသိမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ G-Dragon နဲ့ Follower အရေအတွက် သိပ်မကွာတဲ့ Chanyeol ကတော့ GD ရဲ့ အနောက်မှာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလိုထုတ်ပြန်ပြီးတဲ့ ၁ ပတ်အကြာမှာတော့ Chanyeol ရဲ့ Follower အရေအတွက်ဟာ GD ထက် သာသွားခဲ့ပြီး Instagram မှာ Follower အများဆုံးသော ကိုရီးယားအနုပညာရှင်အဖြစ်နဲ့ တရားဝင်သတ်မှတ်ခံလိုက်ရပါတော့တယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက် ၇ နာရီ ၄၀ မိနစ်မှာ ရရှိထားတဲ့ Follower အရေအတွက်အရကတော့ Chanyeol ရဲ့ Follower အရေအတွက်က ၁၆၁၆၄၄၀၃ ဦးရေရှိပြီး G-Dragon ရဲ့ Follower အရေအတွက်ကတော့ ၁၆၁၅၉၂၁၇ ဦးရေရှိတယ်လို့ သိရပါတယ်။

Chanyeol ရဲ့ Follower အရေအတွက် မလျော့ကျသွားဖို့ကတော့ L လေးတွေရဲ့ တာဝန်ပါပဲနော်။

Ref : Soompi
Zue Zue (Momolay)

Comments are closed.