လွှမ်းပိုင်ရဲ့နှာခေါင်းကို အပြင်မှာတကယ်ညှစ်နိုင်ခဲ့လို့ အရမ်းကိုပျော်ရွှင်နေတဲ့ ညီညီမောင်(စမ်းချောင်း)

လွှမ်းပိုင်ရဲ့နှာခေါင်းကို အပြင်မှာတကယ်ညှစ်နိုင်ခဲ့လို့ အရမ်းကိုပျော်ရွှင်နေတဲ့ ညီညီမောင်(စမ်းချောင်း)

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ဟာ မြန်မာနိုင်ငံရဲ့ မိတ်ကပ်လောကမှာ ထိပ်ဆုံးက ရပ်တည်နေနိုင်သူတစ်ဦးပါ။ ညီညီမောင်(စမ်းချောင်း)ရဲ့ မိတ်ကပ်အပြင်အဆင်တွေကို ပရိသတ်တွေက အရမ်းသဘောကျပြီး မင်းသမီးတွေရဲ့ ပင်တိုင်မိတ်ကပ်ပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ လုပ်တဲ့အလုပ်တိုင်းကို စေတနာပါပါနဲ့ အကောင်းဆုံး လုပ်ဆောင်ပေးတာကြောင့် အခုလိုအောင်မြင်နေသူလို့လဲ ဆိုရမှာပါ။

ညီညီမောင်(စမ်းချောင်း)ဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တစ်ခါတစ်လေမှာလဲ ရယ်စရာ ဗီဒီယိုလေးတွေရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ မျှဝေလေ့ရှိပါတယ်။ ပရိသတ်တွေကလဲ ညီညီမောင်(စမ်းချောင်း)ရဲ့ ရယ်စရာဗီဒီယိုလေးတွေကို နှစ်ခြိုက်အားပေးကြပါတယ်။ ညီညီမောင် (စမ်းချောင်း) က လွှမ်းပိုင်ရဲ့ ပုံလေးတွေကို သဘောကျလွန်းလို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဧပြီလ ၁၂ ရက်နေ့မှာ Share ထားပြီး “လွှမ်းပိုင် နှာခေါင်းထိပ် ကိုက်ဆွဲချင်တာ အသည်းတွေယားလို့ ” ဆိုပြီး အသည်းယားနေကြောင်းကို ပြောထားပါတယ်။

လွှမ်းပိုင် နှာခေါင်းကို အသည်းယားလို့ ကိုက်ဆွဲစားချင်တဲ့ ညီညီမောင်ကတော့ ယနေ့ညပိုင်းမှာ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ရင်း လွှမ်းပိုင်တို့နဲ့ တွေ့ဆုံခဲ့ရတာပဲ ဖြစ်ပါတယ်။ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ရင်း လွှမ်းပိုင်တို့နဲ့ တွေ့ဆုံခဲ့ရလို့ အရမ်းကို ပျော်ရွှင်နေတဲ့ ညီညီမောင်(စမ်းချောင်း) ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

“မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ရင်း လွှမ်းပိုင်တို့နဲ့ တွေ့ဆုံခဲ့ရလို့ အရမ်းကို ပျော်ရွှင်နေခဲ့ရတဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ ” အပြင်မှာနှာခေါင်းလေးကို တကယ်ညှစ်နိုင်ခဲ့ပါပြီ😂😂😂” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

သုံးယောက်လုံးက ချစ်ဖို့ကောင်းနေရောနော်။

ညီညီမောင် (စမ်းချောင်း) ကတော့ လွှမ်းပိုင်ရဲ့ နှာခေါင်းကိုကြည့်ပြီး အသည်းယားနေတဲ့ ဆန္ဒကိုဖြည့်နိုင်ခဲ့တဲ့အတွက် အပျော်ကြီး ပျော်နေခဲ့ရပါပြီနော်။ လွှမ်းပိုင်ရဲ့ နှာခေါင်းကို တကယ်ညှစ်ခဲ့ရလို့ အရမ်းကို ပျော်ရွှင်နေတဲ့ ညီညီမောင်(စမ်းချောင်း)ရဲ့ ပို့စ်လေးကို Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Ref : Nyi Nyi Maung’s Facebook

Comments are closed.