ကိုရီးယားရိုးရာဝတ်စုံလေးဝတ်ဆင်ပြီး ကိုးရီးယားနန်းတွင်းထဲမှာလျှောက်ပြေးနေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေး

ကိုရီးယားရိုးရာဝတ်စုံလေးဝတ်ဆင်ပြီး ကိုးရီးယားနန်းတွင်းထဲမှာလျှောက်ပြေးနေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေး

ခေတ်လေးနဲ့သစ်လေးတို့ရဲ့မေမေ ချစ်သုဝေတစ်ယောက်ကတော့ ကလေးနှစ်ယောက်မိခင်လို့ပြောရက်စရာမရှိရလောက်အောင် နုပျိုလန်းဆန်းနေတာပဲ ဖြစ်ပါတယ်။ သူမဟာကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ရုံ၊ အဆိုကောင်းရုံတင်မဟုတ်ပဲ ပျော်ရွှင်သောမိသားစုလေးကိုပါအောင်မြင်စွာတည်ဆောက်ထားနိုင်သူလေးပါ။ မိသားစုကိုဖန်တီးနေသူများအတွက် လေးစားအားကျစရာမိသားစုလေးတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

အဆိုတော်လင်းလင်းနဲ့အဆိုတော်သရုပ်ဆောင်ချစ်သုဝေတို့ကတော့ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူတို့ရဲ့ရင်သွေးလေးတွေဖြစ်တဲ့ခေတ်နဲ့သစ်ကလည်းချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေရဲ့ချစ်ခြင်းကိုအပြည့်ရထားတာဖြစ်ပါတယ်။

ချစ်သုဝေတို့မိသားစုလေးဟာ ကိုရီးယားနိုင်ငံကိုအပန်းဖြေသွားရောက်နေတာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်လေးတို့ကိုရီးယားရိုးရာဝတ်စုံလေးနဲ့ကိုလည်း Live လွှင့်ကာပရိသတ်တွေကိုဝေမျှထားတာပါ။ ခေတ်နဲ့သစ်လေးတို့ဟာလည်း ကိုရီးယားဝတ်စုံလေးတွေနဲ့အရမ်းချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Chit Thu Wai

Comments are closed.