လီမင်ဟိုရဲ့ အကြိုက်ဆုံးသော တွဲဖက်မင်းသမီး

လီမင်ဟိုရဲ့ အကြိုက်ဆုံးသော တွဲဖက်မင်းသမီး

နာမည်ကျော် သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ လီမင်ဟိုဟာ နာမည်ကျော်ဇာတ်လမ်းတွဲတွေကို များစွာရိုက်ကူးခြဲ့ပီး သူနဲ့ အတူတွဲဖက်သရုပ်ဆောင်ခဲံ့တဲ့ မင်းသမီင်္းတွေဟာလည်း တကယ့်ကို ချောပေ့၊ လှပေ့ဆိုတဲ့ နာမည်ကျော်မင်းသမီးတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် အင်တာဗျူးတစ်ခုမှာ လီမင်ဟိုကို သူနဲ့ အတူတွဲဖက်သရုပ်ဆောင်ခဲ့သမျှမင်းသမီးတွေထဲမှာ ဘယ်မင်းသမီးကို အကြိုက်ဆုံးလဲလို့ မေးခဲ့ဖူးပါတယ်။ အဲဒီအခါမှာ လီမင်ဟို ပြန်ဖြေလိုက်တဲ့အဖြေက ဘယ်သူမှ မထင်ထားခဲ့တဲ့သူပါပဲ။ ကဲ ဒီလိုဆိုရင် လီမင်ဟိုရဲ့ အကြိုက်နှစ်သက်ဆုံးမင်းသမီးက ဘယ်သူလဲဆိုတာကို မသိသေးခင် သူနဲ့ အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတွေက ဘယ်သူတွေလဲဆိုတာကို အရင်ရှူစားကြည့်လိုက်ကြရအောင်။

1. Gu Hye Sun – Boys Over Flower (2009)

Lee Min Ho ရယ်လို့ ဖြစ်လာစေခဲ့တဲ့ ဒီဇာတ်လမ်းတွဲမှာ သူနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Gu Hye Sun နဲ့ကတော့ ဇာတ်လမ်းထဲမှာရော၊ ဇာတ်လမ်းအပြင်မှာပါ လိုက်ဖက်လွန်းခဲ့ကြတာမို့လို့ ပရိသတ်တွေက ထိုစဉ်အချိန်တုန်းက အလွန်အမင်းသဘောတူခဲ့ကြပါသေးတယ်။

2. Son Ye Jin – Personal Taste (2010)

F4 ဇာတ်ကာြး့ပီးနောက်ပိုင်း လီမင်ဟို ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ စီနီယာမင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Son Ye Jin နဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ “Personal Taste” ဆိုတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

3. Park Min Young – City Hunter (2011)

Lee Min Ho ဟာ City Hunter ဇာတ်ကားရိုက်ကူးရင်းနဲ့ တွဲဖက်မင်းသမီး Park Min Young နဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးသေးတာကို ပရိသတ်တွေ အမှတ်ရကြဦးမယ်ထင်ပါတယ်။ သို့ပေမယ့်လည်း ချစ်ကြိုက်တဲ့ အချိန်ကာလဟာ ပြောပလောက်အောင် မကြာမြင့်ခဲ့ပါဘူး။

4. Kim Hee Sun – In Faith

ဒီဇာတ်လမ်းတွဲမှာတော့ Lee Min Ho ဟာ ၀ါရင့် စီနီယာမမကြီး Kim Hee Sun နဲ့ လိုက်ဖက်ညီစွာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

5. Park Shin Hye – The Heirs (2014)

၂၀၁၄ ခုနှစ်မှာတော့ Lee Min Ho ဟာ မင်းသမီး Park Shin Hye နဲ့ အတူ “The Heirs” လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီး ထိုဇာတ်လမ်းတွဲမှာ ၂ ယောက်သားရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်ရော၊ ရိုက်ကွင်းပြင်ပက ရင်းနှီးမှုတွေကြောင့်ပါ ပရိသတ်တွေက သူတို့ ၂ ဦးကို သဘောတူခဲ့ကြပေမယ့် ကာယကံရှင် ၂ ယောက်ကတော့ သူငယ်ချင်းတွေထက်မပိုတဲ့ ဆက်ဆံရေးနဲ့သာ ရှိနေခဲ့ပါတယ်။

6. Jun Ji Hyun – Legend of the Blue Sea (2016)

ပရိသတ်တို့ အကြိုက်တွေ့ခဲ့တဲ့ ဒီဇာတ်လမ်းတွဲမှာတော့ စီနီယာမင်းသမီးတစ်လက်ဖြစ်တဲ့ Jun Ji Hyun နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုးတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတွေထဲမှာ လီမင်ဟိုရဲ့ အကြိုက်နှစ်သက်ဆုံးမင်းသမီးကတော့ စီနီယာမင်းသမီးဖြစ်တဲ့ “Kim Hee Sun” ပဲ ဖြစ်ပါတယ်။ “ကျွန်တော်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတွေထဲမှာ ကျွန်တော် သဘောအကျဆုံးမင်းသမီးကတော့ Kim Hee Sun ပါပဲ။” လို့ Lee Min Ho က ဖြေကြားခဲ့ပါတယ်။

Lee Min Ho ရဲ့ အကြိုက်ဆုံးတွဲဖက်မင်းသမီးနဲ့ ပရိသတ်ကြီးတို့ ခန့်မှန်းထားတဲ့ မင်းသမီးက ကိုက်ညီမှုရှိရဲ့လား။

Ref : Top Korean News
Zue Zue (Momolay)

Comments are closed.