End Game က MCU ရဲ့ နောက်ဆုံးရုပ်ရှင်မဟုတ်ဘူးဆိုတဲ့ Kevin Feige

End Game က MCU ရဲ့ နောက်ဆုံးရုပ်ရှင်မဟုတ်ဘူးဆိုတဲ့ Kevin Feige

Super Hero ရုပ်ရှင်တွေကတော့ ဒီဘက်ဆယ်စုနှစ်တစ်ခုလုံးမှာ နည်းပညာကောင်းကောင်းနဲ့ ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့တာ အမှန်ပါပဲ ။ အဲ့ဒီထဲမှာမှာ အပြိုင်စကြဝဠာသီအိုရီတွေ Super Hero တွေကို တခမ်းတနားချပြပြီးအောင်မြင်နေတဲ့ MUC ဆိုတဲ့ Marvel Cinematic Universe ဟာ လူငယ်တွေကိုသာမက လူကြီးတွေကိုပါ ရုပ်ရှင်ရုံတွေထဲရောက်အောင်ဆွဲဆောင်နိုင်ခဲ့ပြီး အခုဆိုရင် အောင်မြင်မှုဟာထိပ်ဆုံးကရောက်ရှိနေပါပြီ။ Marvel Cinematic Universe က ဇာတ်ကားတွေကိုရိုက်ကူးတင်ဆက်တဲ့အခါမှာ Time Line တွေကိုအခြေခံပြီးဖြစ်ပေါ်လာတဲ့ ဇာတ်ကြောင်းတွေကို Phase 1,2,ဆိုပြီးနံပါတ်စဉ်တွေတပ်ပြီးရိုက်ကူးခဲ့တာ အခုဆိုရင် Phase 3 ကိုရောက်လာပါပြီ။

Phase 1 အနေနဲ့သတ်မှတ်ထားတဲ့ဇာတ်ကားတွေကတော့ Iron Man , The Incredible Hulk , Iron Man 2, Thor , Captain America : The First Avenger , The Avengers ဆိုတဲ့ဇာတ်လမ်း ၇ကားပါဝင်တယ်။ ဒီPhase 1ကို ၂၀၀၈ခုနှစ်ကနေ ၂၀၁၂ အထိသတ်မှတ်ထားပြီး MCUရဲ့အဓိကဇာတ်ကောင်တွေကို စတင်မိတ်ဆက်ပေးသွားပါတယ်။ အဲ့ဒီဇာတ်ကား အားလုံးစုစုပေါင်းဝင်ငွေက ၃.၈ ဘီလီယံ ရရှိခဲ့ပါတယ်။ Phase 2 အနေနဲ့သတ်မှတ်ထားတဲ့ ဇာတ်ကားတွေကတော့ Iron Man 3 , Thor : The Dark World , Captain America : The Winter Solider , Guardians of the Galaxy , Avenger : Age of Ultron , Ant-Man စတဲ့ဇာတ်ကားတွေပါဝင်ပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ခုနှစ် ထိထွက်ရှိပြီးသားဇာတ်ကားတွေပဲဖြစ်ပါတယ်။ ၅.၃ဘီလီယံထိဝင်ငွေရရှိသွားတာဖြစ်ပါတယ်။

အခုသူတို့တင်ဆက်ပေးနေတဲ့ဇာတ်ကားတွေကို အရူးမူးအားပေးလာကြတဲ့ပရိသတ်တွေကို အသည်းခွဲဖို့ရောက်လာတဲ့အခြေအနေတစ်ခုကတော့ Phase 3 ပါ။ ဒီPhase 3မှာဆိုရင်MCUရဲ့၂၀၁၆ ခုနှစ်ကရုံတင်ပြသခဲ့တဲ့ Captain America : Civil War ကနေစပြီး အခုလက်ရှိရုံတင်ပြတော့မယ်Avenger : End Game ထိပဲလို့လူတွေပြောနေကြပါတယ်။ တကယ်တော့သူတို့ထင်သလိုမဟုတ်ခဲ့ပါဘူး ။ Phase 3 ရဲ့နောက်ဆုံးကားက Spider-Man : Far From Home ပဲဖြစ်ပါတယ်လို့ MCU ရဲ့ Producer ဖြစ်တဲ့ Kevin Feige ကပြောသွားတယ်လို့ပြောပြထားပါတယ်။ တကယ်တော့ Spider Man ကားတွေဟာ အရင်ပုံစံတစ်မျိုးစီနဲ့တင်ဆက်တင်ဆက်ထားတဲ့ဇာတ်လမ်းတွေနဲ့မတူဘဲ Homecoming နဲ့စတင်ခဲ့ပေမယ့် Avenger: Infinity War မှာ Thanos ရဲ့လက်ဖျောက်လေးတစ်ချက်ကြောင့် ပျောက်ကွယ်သွားရတဲ့သူတွေထဲကတစ်ယောက်ဖြစ်နေပေမယ့်။ End Game နောက်မှာရုံတင်မယ့် Far From Home မှာဆိုရင် Homecoming ရဲ့အဆက် Infinity War မတိုင်ခင်ကာလကိုရိုက်ကူးပြသွားမှာလို့ပြောကြပါတယ်။ Trailer လည်းတစ်ခုထွက်ထားပြီးပြီဆိုတော့ စိတ်ဝင်တစားစောင့် နေတဲ့သူတွေအတွက် အများကြီးပိုဝမ်းသာစေမယ့်တစ်ခုကတော့ အစက ဂျူလိုင်လ၅ရက်နေ့မှစတင်မယ်လို့ပြောထားခဲ့ပေမယ့် အခုဂျူလိုင်၂ရက်နေ့ကိုရုံတင်ရင်ပြောင်းလိုက်တာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ MCU ရဲ့Phase 3 ကိုအဆုံးသတ်မယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။

နောက် Phase 4 အနေနဲ့ထွက်ရှိလာမယ့်ဇာတ်ကားတွေကိုလည်း ပြောချင်လွန်းလို့မိတ်ဆွေတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Phase 4 မှာပါဝင်မယ့်ဇာတ်ကားတွေကတော့ Black Widow , The Eternal , Doctor Strange 2 , Black Panther 2 , Shang-Chi, Guardian of the Galaxy vol.3တို့ဖြစ်တယ်လို့သိရပါတယ်။

Comments are closed.