တရားရုံးမှာ မေ့လဲသွားတဲ့ ရဲတိုက်ရဲ့ သတင်းကို ကြားရ ပြီး စိတ်မကောင်းဖြစ်ကာ ကျန်းမာရေး အမြန် ကောင်း မွန်အောင် ဆု တောင်းပေးရှာတဲ့ ညီနန္ဒ
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပြီး အနုပညာလောကမှာ တစ်ချိန်က အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ သူကတော့ ဝါရင့် သ ရုပ်ဆောင် ညီနန္ဒ ပဲဖြစ်ပါတယ်။ ညီနန္ဒဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသမီးလေးတစ် ယောက် ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဖေဖော်ဝါရီ (၁) ရက်နေ့ နောက်ပိုင်းကစပြီး နိုင်ငံအရေးဖြစ်ပေါ်လာတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။
ဒီလိုပါဝင်ရပ်တည်မှုကြောင့်လည်း ဧပြီလလောက်မှာ အနုပညာရှင်တချို့ကို ပုဒ်မ(၅၀၅-က) ဖြင့် အမှုဖွင့်တရားစွဲဆိုမှုများမှာ ညီနန္ဒလည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုအမှုစွဲဆိုခံရပေမယ့်လည်း လက်ရှိအချိန်ထိ ပြည်သူတွေနဲ့အတူ ရှိနေခဲ့ပါတယ်။ ယမန်နေ့ကတော့ သရုပ်ဆောင် ရဲတိုက် ရဲ့ သတင်းလေးကို ကြားသိရလို့ ညီနန္ဒ ဟာ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။
ရဲတိုက်ဟာ ကျန်းမာရေးချို့တဲ့ပြီး မနေ့က တရားရုံးမှာ မေ့လဲသွားတာ ဖြစ်ပါတယ်။ တရားရုံးမှာ မေ့လဲသွားတယ်ဆိုတဲ့ ကြားသိရတဲ့ သတင်း များကြောင့် ညီနန္ဒ က ရဲတိုက်အတွက် ကျန်းမာရေး အမြန်ကောင်းမွန်အောင် ဆုတောင်းပေးခဲ့ရှာတာ တွေ့ရပါတယ်။ ပရိသတ်တွလည်း ယမန်နေ့က တရားရုံးမှာ မေ့လဲသွားတဲ့ ရဲတိုက်ကို ကျန်းမာရေး ကောင်းမွန်လာအောင် ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်…။
သတင်းအရင်းအမြစ်៖ Source – Nyi Nanda
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*