နှစ်ဦးနှစ်ဖက် အေးချမ်းဖို့အတွက် သည်းခံခွင့်လွှတ်ခဲ့တာ မျက်နှာမှာ သေရာပါဖို့ မဟုတ်ဘူးဆိုတဲ့ မယ်လိုဒီ

နှစ်ဦးနှစ်ဖက် အေးချမ်းဖို့အတွက် သည်းခံခွင့်လွှတ်ခဲ့တာ မျက်နှာမှာ သေရာပါဖို့ မဟုတ်ဘူးဆိုတဲ့ မယ်လိုဒီ

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် မယ်လိုဒီဟာ လှပကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသမီးလေးလို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။ မယ်လိုဒီက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်အားပေးလျက်ပါပဲ။ မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်ကလဲ အမေလိုပဲ ချောချောလေးမို့ ပရိသတ်တွေကလဲ သားလေးကိုပါ ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

လှပတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီက အခုချိန်ထိအရွယ်တင်ပြီး အရမ်းကိုလှပတာကြောင့် မိန်းကလေးငယ်လေးတွေကတောင် အားကျနေရသူတစ်ဦးပါ။ ကိုရီးယားမလေးလို လှပလွန်းတဲ့ အလှပိုင်ရှင်လေး မယ်လိုဒီက ဒီတစ်ခါမှာတော့ သူမရဲ့ မျက်နှာလှလှလေးမှာ သေရာပါတဲ့ အမာရွတ်ကြီး ကျန်ဖို့ ဖြစ်လာပါပြီ။

မယ်လိုဒီက သူမရဲ့အဖြစ်ကို “သည်းခံခွင့်လွှတ်ခြင်းကနှစ်ဦးနှစ်ဖက်အေးချမ်းစေဖို့ပါ မျက်နှာမှာသေရာပါအကွက်တွေကျန်ခဲ့စေဖို့မဟုတ်ပါဘူး။ စိတ်ဆင်းရဲလို့မှန်တောင်မကြည့်ချင်တော့ဘူး။” ဆိုပြီး ဝမ်းနည်းစွာ ဆိုလာပါတယ်။

ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက စိုးရိမ်စွာနဲ့ သတင်းမေးခဲ့ကြပြီး မယ်လိုဒီက သူမရဲ့အဖြစ်က Spa မှာလုပ်တုန်းကအလာဂျီဖြစ်ခဲ့တာလို့ သိရပါတယ်။ မယ်လိုဒီရဲ့ မျက်နှာလေး အခုလို မတော်တဆဖြစ်သွားတာ စိတ်မကောင်းစရာပါပဲနော်။

မယ်လိုဒီကတော့ မျက်နှာမှာ အလာဂျီတွေဖြစ်လို့ ကိုယ့်မျက်နှာကိုယ်မကြည့်ချင်လောက်အောင် စိတ်ဆင်းရဲနေရရှာပါတယ်။ မယ်လိုဒီရဲ့ မျက်နှာလေး အမြန်ဆုံး သက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.