အပြန်အလှန် အလင်းပြလိုက်ပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ဦး

အပြန်အလှန် အလင်းပြလိုက်ပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ဦး

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ များစွာကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦးပါ။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။

မနေ့ကတော့ သင်ဇာဝင့်ကျော် ရေချိုးနေတဲ့ ပုံကို တက်တူး နဲ့ လက်တစ်ချောင်း က ကွယ်ထားခဲ့တာ ကြောင့် ဖြစ်ပါတယ်။ တက်တူးနဲ့ လက်ပိုင်ရှင်က ဘယ်သူဖြစ်မလဲ ဆိုပြီး နာမည်ကြီးနေတာပါ။ ပရိသတ်တွေကတော့ သင်ဇာ့ရဲ့ လက်ပိုင်ရှင်ကို နာရီပိုင်းအတွင်း သိရှိခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ကြပါတယ်။

သင်ဇာကတော့ ထိုအကြောင်းအရာတွေကို ဘာမှပြန်လည်တုံ့ပြန်ခြင်းမရှိပဲ နှစ်ဦးနှစ်ဖက်စလုံးကတော့ သွယ်ဝှိက်သောနည်းတွေနဲ့ ကိုယ်စီ အလင်းပြခဲ့ပါတယ်။ ဒါကတော့ သင်ဇာရဲ့ ချစ်သူ နိုင်ငံခြားသားတင်ထားတဲ့ ပုံလေးပါ။

လွန်ခဲ့တဲ့ ရက်ပိုင်းက သင်ဇာတင်ထားတဲ့ပုံလေး…အင်္ကျီရော ဆံပင်ရော အားလုံးအတူတူပဲနော်။

ဒါကတော့ သင်ဇာက သူမရဲ့ လက်ပိုင်ရှင်လေးကို ပြထားတာပါ

သင်ဇာဝင့်ကျော်တို့ကတော့ ပေါ်တင်မထုတ်ပြသေးပေမယ့် ပရိသတ်တွေကို နည်းနည်းချင်းစီ အလင်းပြနေပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော သင်ဇာနဲ့ သူမရဲ့ချစ်သူ နိုင်ငံခြားသားလေးကို သဘောတူရဲ့လားဆိုတာ ပြောခဲ့ပေးကြဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.