အွန်​လိုင်း​ပေါ်မှာ ​တွေ့တဲ့ နွမ်းပါးလွန်းတဲ့ အ​မေအိုကြီးကို အိမ်​တိုင်​ရာ​ရောက်​ အလှူ​ငွေ​တွေ သွားလှူခဲ့တဲ့ စူးရှထက်

အွန်​လိုင်း​ပေါ်မှာ ​တွေ့တဲ့ နွမ်းပါးလွန်းတဲ့ အ​မေအိုကြီးကို အိမ်​တိုင်​ရာ​ရောက်​ အလှူ​ငွေ​တွေ သွားလှူခဲ့တဲ့ စူးရှထက်

အရမ်းကိုလန်းတဲ့ ခန္ဓာကိုယ်​ ​ကောက်​​ကြောင်းအလှကို ပိုင်​ဆိုင်​ထားတဲ့ မော်ဒယ်မလေး စူးရှထက်ကတော့ ​ပျော်​​ပျော်​​နေတတ်​သူ​လေးမို့ လက်​ရှိမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို သူမတတ်​နိုင်​တာ​လေးနဲ့ နွမ်းပါးသူ​တွေကို ကူညီ​လေ့ရှိတဲ့ စူးရှထက်​က​တော့ လတ်​တ​လောမှာလည်း အွန်​လိုင်း​ပေါ်မှာ ပြန့်​နှံ့​နေတဲ့ နွမ်းပါးတဲ့ ဖျာ​ရောင်းတဲ့အမယ်​အိုကြီးကို အိမ်​တိုင်​ရာအ​ကောက်​ သွားပြီး အလှူ​ငွေလှူဒါန်းခဲ့တာ ​တွေ့ရပါတယ်​။ စူးရှထက်​ကဲ့အလှူ​ကြောင့်​ ဖျာ​ရောင်းတဲ့အမယ်​ကြီးခင်​မျာ ​ပျော်​ရွှင်​ကြည်​နူး​နေတာလည်း ​တွေ့ရပါတယ်​​နော်​။

ချစ်ပရိသတ်တွေအတွက်​ အွန်​လိုင်း​ပေါ်မှာ ​တွေ့တဲ့ နွမ်းပါးလွန်းတဲ့ အ​မေအိုကြီးကို အိမ်​တိုင်​ရာ​ရောက်​ အလှူ​ငွေ​တွေ သွားလှူခဲ့တဲ့ စူးရှထက်​ရဲ့ ​အ​ကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စူးရှထက်​က​တော့ “မေကြီး ဖျာ​ရောင်းနေတာလိုင်းပေါ်တက်လာတာတွေ့တော့ စုံစမ်းကြည့်တော့ ဝက်ထီးကန်မှာနေတာတဲ့​နောက်ဆုံးတော့လည်း ဝက်ထီးကန်ထိသွားပြီး တတ်နိုင်တာလေးနဲ့ အမေကြီးရဲ့ လောကဓံအပူကို အစိတ်တပိုင်းကူညီပေးခဲ့တယ်” ဆိုပြီး နွမ်းပါးသူကို ကူညီပြီး ကုသိုလ်​ပြုခဲ့တဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။

ဖျာ​ရောင်းတဲ့ အ​မေအိုကြီးရဲ့ အိမ်​​လေး

ဖော်​​ရွေလွန်းတဲ့ ရွာသူ ရွာသား​တွေနဲ့ စူးရှထက်

စူးရှထက်​က​တော့ ပြီးခဲ့တဲ့ သူမရဲ့ နာကျင်​စရာအတိတ်​​တွေကို​မေ့ထားပြီး​ လတ်​တ​လောမှာ အနုပညာအလုပ်​​တွေ အ​ကောင်းဆုံးလုပ်​ကိုင်​​နေတာပဲ ဖြစ်​ပါတယ်​။ သီချင်း ​MV​တွေမှာလည်း သရုပ်​​ဆောင်​​နေရပြီဖြစ်​တဲ့ သူမက​တော့ သရုပ်​​ဆောင်​ပိုင်းမှာလည်း ထူးချွန်​သူတစ်​ဦးပါ။ မိဘကိုသိတတ်​တဲ့ သမီးလိမ္မာ​လေး စူးရှထက်​က​တော့ သူမရဲ့လုပ်​အားခနဲ့ မိဘကိုလုပ်​​ကျွေး​နေသူ​လေးပါ။ ချစ်​ပရိသတ်​​တွေလည်း အရမ်းကိုကြည်​နူးဖို့​ကောင်းတဲ့ စူးရှထက်​ရဲ့ အလှူကို သာဓု​ခေါ်သွားကြဖို့ မမေ့ပါနဲ့နော်။

Source: Zar Chi’s Facebook

Comments are closed.