မြစ်ဆုံစီမံကိန်းဖျက်သိမ်းလို့ငွေလျော်ရမယ်ဆို ပျော်ပျော်ကြီးလျော်မယ်ဆိုတဲ့ ဂျူး

မြစ်ဆုံစီမံကိန်းဖျက်သိမ်းလို့ငွေလျော်ရမယ်ဆို ပျော်ပျော်ကြီးလျော်မယ်ဆိုတဲ့ ဂျူး

လက်ရှိအချိန်ရဲ့ အအောင်မြင်ဆုံးစာရေးဆရာမတစ်ယောက်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝတ္ထုတွေ ၊ အနုပညာဆိုင်ချဉ်းကပ်ဝတ္ထုတွေကိုဖန်တီးရေးသားလေ့ရှိတဲ့ စာရေးဆရာမဂျူးက ဧရာဝတီကို မြန်မာနိုင်ငံအတွက်ပြန်လည်ရွေးယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး အကုန်သိမီဒီယာနဲ့အင်တာဗျူးမှာ ပြောပြသွားတာတွေရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ။

ဧရာဝတီကိုပြန်ရွေးယူမယ်ဆိုတဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဆည်ဆောက်ဖို့ရပ်နားလိုက်ပြီဆိုတာနဲ့အားသာချက်ချည်းပဲပေါ့ ။ သို့သော်အားနည်းချက်ဘာရှိမလဲဆိုတော့ ငွေလျော်ရမယ်ဆိုရင် ကျွန်မတို့ပျော်ပျော်ကြီးလျော်ကြီးလျော်မှာ ပေါ့ ။ ဆည်ဆောက်ဖို့ ရုတ်သိမ်းလိုက်ပြီဆိုရင် ဒါကျွန်မတို့ရဲ့ရတနာတစ်ခုပေါ့ ၊ ကျွန်မတို့ရဲ့အသက်သွေးကြောပေါ့ ၊ အများတင်စားသလိုဆို မိခင် သို့မဟုတ် ဆရာအော်ပီကျယ် တင်စားသလိုဆိုရင် သတို့သမီးပေါ့ ။ အဲ့တာကိုကျွန်မတို့ပြန်ရလိုက်တာ အင်မတန်ဝမ်းသာဖို့ကောင်းတယ်လေ ။အဲ့ဒီအတွက်ကတော့အတိုင်းအဆမရှိပေါ့ ။ ဒါပေမယ့် တစ်ဖက်က ဒီအတိုင်းဖျက်သိမ်းခိုင်းမလား ၊မေတ္တာနဲ့ကြင်နာမှုနဲ့။ ဒါပေမယ့်အဲ့ဒီလိုမဟုတ်ဘဲနဲ့လျောကြေးပေးပါ ဆိုလို့ရှိရင် ကျွန်မတို့လျော်ကြေးပေးမှာပေါ့ ဒါပါပဲ တစ်ခြားကိစ္စအနေနဲ့ကတော့မကောင်းတဲ့အကွက်ရယ် လို့မရှိပါဘူးရှင့် ။မြစ်ဆုံဆည်ကိုမဆောက်ရလေ ကျွန်မတို့အတွက်ကတော့ကောင်းကွင်ချည်းပါပဲ ။

အခုကျတော့ကျွန်မတို့လတ်တလောကြားလာရတဲ့သတင်းတွေအရ မြစ်ဆုံကိုဆက်ပြီးတော့ တရုပ်ဖက်ကလည်း ဒီကချင်ပြည်နယ်ဘက်ကိုသွားပြီးတော့ တွန်းအားပေးတဲ့ကိစ္စတွေကျွန်မတို့ပြန်ကြားရတယ် ။ပြီးတော့ကမ္ဘာ့သတင်းတွေထဲမှာလည်းပြန်ကြားနေရတယ်ဆိုတော့ ကျွန်မတို့စိုးရိမ်တာပေါ့ာ့တော်တော်လေးကို စိုးရိမ်တာပေါ့ ။ အဲ့ဒီထဲမှာ တိုက်ဆိုင်စွာပဲ ကျွန်မတို့ရဲ့အတိုင်ပင်ခံက ၂၄ရက်နေ့တရုပ်ပြည်ကိုသွားမယ် ။ အဲ့တာဆိုအတော်ပဲ သမ္မတရှိကျင်းဖိန်နဲ့တွေ့မယ် ။ အဲ့ဒီအခါကျရင် ကျွန်မတို့ပြည်သူရြ့ဆန္ဒလေးကိုတော့ ယူသွားပြီးတော့ သတင်းစကားလေးပါးပေးပါ ။ အဲ့ဒီရည်ရွယ်ချက်နဲ့ ကျွန်မတို့ ဒီ၂၀ရက်နေ့ဆိုတာ (တကယ်တော့ သင်္ကြန်ပြီးဆိုတော့လူစုရခက်တယ်)ကျွန်မတို့တသ်နေရာဆီရောက်နေပါစေ ၂၄ရက်အမီလုပ်မယ်ဆိုပြီးတော့ ဒီရက်ကို လုပ်လိုက်တာ။ အဲ့ဒါကို ၂၄ရက်နေ့ ဖိုရမ်အပြီးမှာ ကျွန်မတို့ဘာဆက်လုပ်ရမလဲဆိုတာ တဆင့်ပြီးတဆင့်ပေါ့။

အခုကကျွန်မတို့ရဲ့အခြေခံအဆင့်ပေါ့ ။ အဓိကအရေးကြီးတာက ကျွန်မတို့ပြည်သူလူထုကို ဟောဒီနည်းလမ်းတော့ရှိတယ် ဆိုတာချပြတာ ။အဲ့ဒီနည်းလမ်းတော့ရှိတယ် ပြည်သူလူထုဘယ်လောက်ကပါဝင်မှာလဲ ပြည်သူလူထုဘယ်လောက်ကဆန့်ကျင်မလဲ ။ ကျွန်မိထင်တယ် ဆန့်ကျင့်မယ့်သူတော့မရှိဘူး ။ ဧရာဝတီကိုအားလုံးချစ်ကြတာကိုး ၊ အားလုံးချစ်တဲ့အတွက် တစ်ဒေါ်လာဆိုတာလည်းသိပ်ပြီးတော့မများတဲ့ငွေပေါ့ ။အားလုံးဟာအတူတူပါဝင်ကြမယ် ။ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ့်ကို ဂုဏ်သိက္ခာညှိုးအောင်လုပ်ရက်လေခြင်းဆိုပြီး ငါတို့လုပ်နိုင်တယ်။ ငါတို့မြန်မာပြည်သူတွေဟာစည်းလုံးတယ် ။ ငါတိုပြ့ည်သူတွေဟာဟိုးရှေးအစဉ်အဆက်က သမိုင်းအစဉ်လာရှိခဲ့တယ် ။ဒီကိစ္စမှာလည်းငါတို့မခံဘူး။ ဘယ်လောက်ဆင်းရဲပါစေ ၊ ငါတို့လုပ်နိုင်တယ် ဆိုတဲ့အမြင်မျိုးစိတ်ဓာတ်မျိုးအားလုံးကိုရစေချင်တာ ။အဲ့ဒီလိုအားလုံးရအောင်လည်းကျွန်မတို့ဒီလိုစီစဉ်လိုက်တာဖြစ်ပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

Comments are closed.