
မိန်းမက ဟင်းချက် ယောက်ျားက သီချင်းရေးပြီး ပြီးပြည့်စုံနေတဲ့ ဘဝလေးအကြောင်း ပြောပြလာတဲ့ ရွှေထူး
ပရိသတ်တွေရဲ့သဲသဲလှုပ် ချစ်ခင်အားပေးခြင်းကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကို ရောက်ရှိသွားကြပြီဖြစ်တဲ့ သူတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး အကောင်းဆုံးပံ့ပိုးကူညီပေးရင်း အနုပညာအလုပ်တွေကို ဆက်တိုက်ပြုလုပ်ဖြစ်နေကြတာပါ။ ရွှေထူးကတော့ လတ်တလောမှာ မိန်းမက ဟင်းချက် ယောက်ျားက သီချင်းရေးပြီး ပြီးပြည့်စုံနေတဲ့ ဘဝလေးအကြောင်း သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် မိန်းမက ဟင်းချက် ယောက်ျားက သီချင်းရေးပြီး ပြီးပြည့်စုံနေတဲ့ ဘဝလေးအကြောင်း ကြည်နူးစွာ ပြောပြလာတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ “Main Main Hin Chat Pa Pa Song Yay What a perfect Life <3 ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ကြည်နူးစွာ ရေးသားထားတာပါ။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က နှစ်ဦးသဘောတူ လက်ထပ်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာလ ၁၁ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသူနှစ်ဦးဆိုရင်လည်း မမှားပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း အိမ်ထောင်မှုတာဝန်တွေကို ကိုယ်စီကိုယ်စီ ကျေပြွန်နေကြပြီဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် share သွားကြဖို့မမေ့ပါနဲ့နော်။
Source:Htoo khant’s Facebook