ရွှေအိမ်စည်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ပြောလာတဲ့ Global Beauties

ရွှေအိမ်စည်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ပြောလာတဲ့ Global Beauties

မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ကတော့ ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ဆုရရှိခဲ့ခြင်းမရှိပေမဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝ ရရှိခဲ့တာဖြစ်ပါတယ်။ သူမကတော့ ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကနေ မြန်မာကို ပြန်လာတဲ့နောက်မှာတော့ ဝေဖန်တိုက်ခိုက်မှုတွေ ရရှိခဲ့ပြီး သူမနဲ့ ပတ်သတ်တဲ့ မကောင်းတဲ့ ကောလဟာလတွေလည်း အများကြီးထွက်ခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး ရွှေအိမ်စည်ကတော့ တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။

ဒီကနေ့မှာတော့ Global Beauties ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ Miss Supranational 2018 ပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ အလှမယ်တွေ တစ်ယောက်ချင်းစီနဲ့ ပတ်သတ်ပြီး မှတ်ချက်တွေ ရေးသားပေးခဲ့ပါတယ်။ ရွှေအိမ်စည်နဲ့ ပတ်သတ်ပြီးလည်း အခုလိုမျိုး မှတ်ချက်ရေးသားခဲ့ပါတယ်။READသင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မှာရှိမလဲ.?

“ငြင်းစရာမရှိအောင် လှတဲ့သူပါ။ ဒါပေမဲ့ အလှမယ်တစ်ယောက်ရဲ့ ဂုဏ်ကျက်သရေနဲ့ နှစ်လိုဖွယ်ရှိမှုတွေ သူမမှာ မရှိဘူး။ လူကြိုက်များခဲ့ပေမယ့် top 25 ရဲ့အောက်ကို ရောက်သွားခဲ့တဲ့ အကြောင်းက ဘာလဲ။ မပြုံးလို့လား။ ဖော်ရွေမှု မရှိလို့လား။ ဒါမှမဟုတ် တာဝန်ရှိသူတွေကို လေးစားမှုမရှိ၊ အသိမပေးပဲ ပွဲတွေကို မတက်တာကြောင့်လား။ အခန်းထဲမှာ ဆေးလိပ်သောက်ပြီး စည်းကမ်းချိုးဖောက်လို့လား။ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါပေမဲ့ ဗမာကိုယ်စားပြုတစ်ယောက်ဆီက ဒီလို အပြုအမူမျိုးကို မျှော်လင့်မထားခဲ့ပါဘူး။” လို့ Global Beauties မှာ ရေးသားဖေါ်ပြထားပါတယ်။

Source: Global Beauties

Comments are closed.