အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာ ကြိုးစားခဲ့ရတဲ့ အမှတ်တရဗီဒီယိုလေးတွေကို ထုတ်ပြလိုက်တဲ့ နေခြည်ဦး

အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာ ကြိုးစားခဲ့ရတဲ့ အမှတ်တရဗီဒီယိုလေးတွေကို ထုတ်ပြလိုက်တဲ့ နေခြည်ဦး

လက်ရှိမှာ သရုပ်ဆောင် မင်းသမီးတစ်ဦးအဖြစ် နာမည်ရအောင်မြင်နေတဲ့ နေခြည်ဦးကတော့ Beauty Blogger တစ်ဦးအဖြစ် ပရိသတ်တွေနဲ့ ရင်းနှီးမှု စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ Makeup Tutorial လေးတွေ ရိုက်ကူးရင်း Social Media ထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ နေခြည်ဦးက အမာခံပရိသတ် အမြောက်အများကိုလည်း ရရှိခဲ့ပါတယ်။ “ရန်သူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ နေခြည်ဦးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ နေခြည်ဦးက Beauty Blogger အဖြစ်ရော သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ရပ်တည်နေတာဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေအတွက် အမြဲမပြတ် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက အောင်မြင်တဲ့ Social influencer တစ်ယောက်ဖြစ်လာဖို့ အချိန်ပေးကြိုးစားခဲ့ရပုံတွေကို အမှတ်တရဗီဒီယိုလေးတွေနဲ့ ပြောပြထားပါတယ်။

ဗီဒီယိုအဟောင်းလေးတွေကတော့ နေခြည်ဦးရဲ့ အောင်မြင်မှုနောက်ကွယ်က လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

နေခြည်ဦးက “အဟောင်းလေးတွေပေမယ့် အကောင်းလေးတွေပေါ့။ Influencer ဖြစ်ချင်ကြသူတိုင်းအတွက် နေခြည့်ရဲ့ဖုန်းဟောင်းလေးထဲက ဒီ video လေးတွေက ဘာမှရေးနေစရာမလိုဘဲ စကားတွေပြောနေမှာပါ။ ဒီစကားလေးကို မမေ့နဲ့နော် ” ဖြစ်ချင်တာ ဖြစ်အောင်လုပ် အဟုတ်ဖြစ်ရမယ်။ ” ဒီ behind the scene လေးတွေကဘယ်တုန်းကလဲ သိရင်တော့ chillies တွေ တစ်ခုချင်းဆီ comment မှာ ပြောပြပေးပါဦး။

နေခြည့်ကို ဘယ်လောက်ချစ်လဲသိရတာပေါ့။ ” ဆိုပြီး ဗီဒီယိုလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ အောင်မြင်မှုနောက်ကွယ်က ကြိုးစားမှုဗီဒီယိုလေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo;

Comments are closed.