အစ်ကိုဖြစ်သူ ရေမွန်ခေါ်နေကျ အိမ်နာမည်လေးနဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်တော့မယ်လို့ ပြောလာတဲ့ လပြည့်ကဗျာ

အဆိုတော်ရေမွန်ကတော့ လူကြီး၊ လူငယ် ၊လူလတ်ပိုင်း အားလုံး ကြိုက် နှစ်သက် အားပေးရတဲ့ အဆိုတော်တယောက်ပါ။ အောင်မြင်မှုတွေ ရှိနေတဲ့ အနုပညာရှင်တယောက်ဖြစ်ပေမဲ့ အောင်မြင်မှုကို ကြာရှည်မခံစားလိုက်ရဘဲ ပြီးခဲ့တဲ့ ဇူလိုင်လကဘဲ ကွယ်လွန်သွားခဲ့တာဘဲ ဖြစ်ပါ တယ်။ရေမွန်ကွယ်လွန်ပြီးနောက် ရေမွန်ရဲ့ ညီမလေး လပြည့်ကဗျာက အစ်ကို ခေါ်နေကျ နာမည်လေးနဲ့ စီးပွားရေး ခြေလှမ်း စဝင်တော့မယ့် အကြောင်း ပရိတ်သတ်တွေကို အသိပေးလာပါတယ်။

လပြည့်ကဗျာ က “Hello…. တံဆိပ် ကလေးနဲ့ မိတ်မဆက်ပေးခင်နာမည်ပေးဖြစ်ပုံလေးအရင်ပြောပါရစေနော်။ Online shop ကိုစလုပ်လာ တာ 2015 ခုနှစ်(ပိုပိုးမွေးပီးပိုင်းလောက်) ပေါ့။ အဲ့တုန်း ကတော့ မိန်းကလေးပစ္စည်း၊ အဝတ်ထည် အိတ် ဖိနပ်တွေေ ရာင်းပါတယ်။တနိုင် တပို င်လုပ်ငန်းလေးမို့ အရင်းနှီးလဲ သိပ်မရှိ အမြတ်လဲနည်းနည်း နဲ့ ၄/၅သိန်းကိုလုံးလည်ချာလည်လိုက်ရင်း လုပ်လာတဲ့အ လုပ်ကလေးက တခါတေ လကျ ဝင်ငွေကောင်း လိုက် တခါတလေကျ အရင်းပြုတ်လိုက်နဲ့ လုပ်လာရင်း 2019 မှာ Covid ကြောင့် ထိုးရပ်သွားတာအခုထိ ပါပဲ။

ဘပီဆုံး ပီးတဲ့ နောက်ပိုင်းတော့စိတ်လေပီးရူးပီး လမ်းမှားရောက်သွားမှာရယ်ကြောင့်ကိုယ့်စိတ်ကို အလုပ်ပေး တဲ့အနေနဲ့ အကြော်အလှော် လေးတွေ စရောင်းဖြစ်တယ်။”“ပင်ပန်းတာတော့ စလုပ်ကတည်းကပါပဲ။ အော်ဒါကောက်ပစ္စည်းမှာပစ္စည်းသွားရွေး။ပစ္စည်းထုတ် Deli အပ် အကုန်လုံး တယောက် ထဲတခါတလေ အိမ်နီးရင်ကိုယ်တိုင်ပို့(အမေကတော့ သွားလေရာကားလိုက်မောင်းပေး) အဆိုးဆုံးက ၆ လွှာမှာနေ ရတဲ့ ဒုက္ခ။

မုန့်ထည့်ပေးလိုက်တဲ့ ဖာလိုက်ကြီးရောက်လာရင် အနီးနားအလုပ်သမား မရှိတော့ ပီနံအိတ်နဲ့ ခေါက်တုန့်ခေါက်ပြန် ၆ လွှာကိုအခါ ၂၀ လောက် အဆင်းတက်လုပ်ပြီး သယ်ရတယ်။ထောပတ်သီးတွေ ဝိုင်ပုလင်းတွေ အချိုရည်ပုလင်းတွေဆိုပိုဆိုး အရမ်းပင် ပန်းပေမယ့် ဘာလေးရောင်းရောင်း အားပေးကြတဲ့ ကိုယ့်မိသားစုလေးကိုချစ်ကြတဲ့ (အထူးသဖြင့် ဘပီ ကိုချစ်ကြတဲ့သူတွေကြောင့် )တော်တော်လေး အားတက်ခဲ့ပါတယ်”“မှတ်မှတ်ရရ Covid ကြောင့်အိမ်ဝင်ငွေမရှိ အလုပ်တွေအကုန်ရပ်ခဲ့ရတုန်းက

Advertisement

ငါတို့မိသားစု ဝင်ငွေမရှိရင် ဘေထုပ်တွေဝယ်ပီး Live ရောင်းကြမယ်လေဆိုပြီးတော့တောင် ဘပီနဲ့ပြောဖြစ်သေးတယ် မိန်းကလေး အဝတ် ဂါဝန်ကြီးတွေပါလာရင်တော့ ငါဝတ်မရောင်းရဲဘူး ယောကျာ်းလေးအဝတ်ဆို ငါဝတ်ပြပြီး ကူရောင်းပေးမယ်ဆိုပြီး တိုင်ပင်ဖူးတယ်။( ရီစရာအမှတ်တရလေးပေါ့)အခုလုပ်ငန်းလေးနဲ့အိမ်ကို အပြည့် အဝမထောက် ပံ့နိုင်သေးပေမယ့်လဲ သမီးကြီးနေရာ ရောက်သွားပြီမို့ အရင်ကထက် တာဝန် ၂ဆနဲ့ ပိုကြိုးစားသွားမှာပါ။

အစားအသောက်ချစ်သူပီပီ ကိုယ်ကြိုက်တဲ့ အကြော်လှော်လေးတွေကိုအကောင်းဆုံးအသန့်ရှင်းဆုံး အလတ်ဆတ်ဆုံး ရောင်းချပေး မှာ ဖြစ်ပါတယ်။တံဆိပ် နာမည်လေးကတော့ သူခေါ်နေကျ ` ပြူးစိန်’ ပါ ” ဆိုပြီးအသိပေး လာတာပဲဖြစ်ပါတယ်။လပြည့်ကဗျာ ကတော့ အစ်ကိုဖြစ်သူရေမွန်ကွယ်လွန် သွားပြီးတဲ့နောက် မိသားစုရဲ့သမီးကြီးအဖြစ် တာဝန်တွေထမ်းဆောင်ရတော့ မှာမို့ သူမရဲ့ကိုယ်ပိုင်စီး ပွားရေးအလုပ်တွေကို လုပ်ကိုင်တော့မှာဖြစ်ကြောင်း ပရိသတ်ကိုအသိပေးလာ တာပဲဖြစ်ပါတယ်။

CRD:MDY Thadinsonemdatenews

mdatenews

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*