မိခင်ကြီးရဲ့ ဆန္ဒအတိုင်း ကျောင်းဆောင်ကြီးကို ဆောက်လုပ်လှူဒါန်းပေးနေပြီဖြစ်တဲ့ မနော

မိခင်ကြီးရဲ့ ဆန္ဒအတိုင်း ကျောင်းဆောင်ကြီးကို ဆောက်လုပ်လှူဒါန်းပေးနေပြီဖြစ်တဲ့ မနော

သီဆိုပေးတဲ့ သီချင်းမှန်သမျှကို ပရိသတ်တွေ ရင်ထဲရောက်အောင် ထိုးတွင်းပေးနိုင်ခဲ့တဲ့ အဆိုတော် မနော ကတော့ အနုပညာအလုပ်မှာ အရမ်းကို ပါရမီကြီးလွန်းတဲ့ သူလေးတစ်ယောက်ပါ။ သီဆိုပေးခဲ့တဲ့ သီချင်းတွေတိုင်းကို ရင်ထဲနစ်ပြီး စိတ်ရောကိုယ်ပါ စေတနာပါပါနဲ့ သီဆိုပေးထားခဲ့တဲ့ အဆိုတော် မနော်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အရမ်းကို နာမည်ကျော်ကြားလူကြိုက်များနေခဲ့ရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားခဲ့ရတဲ့ အဆိုတော် မနောကတော့ မိဘအပေါ်မှာလည်း အရမ်းကို သိတတ်လွန်းတဲ့ သားလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ မိဘအပေါ်မှာ အရမ်းကို သိတတ်လွန်းတဲ့ မနောကတော့ ယခုဆိုရင် မိခင်ကြီးရဲ့ ဆန္ဒအတိုင်း ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ မိဘတွေသေသွားမှ နာမည်တပ်ပြီး လှူနေမယ့်အစား မိခင်ကြီး ရှိနေတဲ့ အချိန်လေးမှာ မိခင်ကြီးရဲ့ ဆန္ဒကို ဖြည့်စည်းပေးခဲ့တဲ့ မနောရဲ့ စိတ်ဓာတ်လေးကတော့ လေးစားအားကျစရာပါပဲနော်။

မိခင်ကြီးရဲ့ သူ့ရဲ့ လက်ဝတ်ပစ္စည်းတွေကို ရောင်းချပြီး ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခဲ့ရာမှာ ပါဝင်ပြီးလှူဖြစ်တဲ့အကြောင်း ပြောပြလာခဲ့တဲ့ မနောကတော့ ” မင်္ဂလာပါ🙏🙏🙏ကျနော့်မေမေ ဇီးကန်ကျွန်းဦးကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းဖြစ်တယ် “

” မေမေဆွဲထားသော ရွှေဆွဲကြိုး လက်ကောက် အားလုံးရောင်းပြီး စတင်စီစဉ်ပါလေရော သိန်း(၈၀) ဖိုးလောက်ရတယ်ပေါ့ ထိုကျောင်းဆောင်ရဲ့ ကုန်ကျစရိတ်ကတော့ သိန်း (၂၃၀) ကျော်မယ် သားသမီးတွေကိုလည်း လှူစေချင်တယ်လေ ဒါနဲ့မေမေ လိုအပ်မည့်ငွေကိုကျနော်တို့ သားသမီးများက ဝိုင်းဝန်းအင်းအားဖြည့်ပြီး အမြန်ဆောက်လုပ်လှူဒါန်းနေပြီဗျို့ 🙏 ”

” မိဘ မရှိတော့မှ နာမည်တပ်ပြီးလှူတာ မသေချာဘူးလေ ဒါကြောင့် ဒီနှစ် သင်္ကြန် Sky net မဏ္ဍပ်မှာ ဆိုဖြစ်တယ် ဆိုလို့ရတဲ့ အနုပညာကြေးရယ် ယခင်ပွဲတွေဆိုထားတဲ့ အနုပညာဖြင့် ဖြူစင်စွာရသော ငွေများဖြင့်သာ မေမေ့ကျောင်းဆောင်ကို လှူဒါန်းခဲ့ပါတယ် အားလုံးသော သူများကို အကြံလေးပေးပါရစေ ”

” မိဘကို ကန်တော့ပြီဆိုလျှင် ခြေဖျားကို မိမိဦးခေါင်းဖြင့်ထိ၍ မာန်ချကာ ကန်တော့စေချင်သည် ရှက်စရာ မဟုတ် ရွံစရာမဟုတ်ပါ ကျေးဇူးတွေက ဆပ်မကုန်အောင် များပြားလွန်း၍ ဖြစ်ပါသည် 🙏❤️ အားလုံးသော တေးချစ်သူများနှင့် (၇)ရက် သားသမီးများ ဤကုသိုလ်တွေ ကျနော်တို့နှင့်အတူ ထပ်တူရပါစေ 🙏 ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မိခင်ကြီးရဲ့ ရွှေထည်ပစ္စည်းတွေရောင်းချပြီး စတင်ဆောက်လုပ်လှူဒါန်းခဲ့ကြတဲ့အပြင် သားသမီးတွေနဲ့ အလှူငွေတွေနဲ့ အကောင်အထည်ဖော် ဆောက်လုပ်နေကြတဲ့ ကျောင်းဆောင်ကြီးကတော့ ယခုဆိုရင် ပြီးလုပြီးချင် ပြီးခါနီးနေပြီပဲ ဖြစ်ပါတယ်နော်။

မိခင်ကြီးရဲ့ လက်ဝတ်ရတနာတွေနဲ့ လှူဒါန်းတည်ဆောက်ထားတဲ့ ကျောင်းဆောင်ကြီးမှာ တတ်နိုင်သလောက် ပါဝင်ကူညီပေးပြီး မိခင်ကြီးရဲ့ ဆန္ဒကို အပြည့်အဝဖြည့်စည်းပေးခဲ့တဲ့ မနောရဲ့ စိတ်ဓာတ်လေးကို လေးစား သဘောကျ ကြည်နူးမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်းပေးရင်း ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ အဆိုတော် မနောရဲ့ အနုပညာ လုပ်ရှားမှုတွေတိုင်းကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Ref : Manaaw’s Facebook

Comments are closed.