အရမ်းကိုခမ်းနားလှပပြီး တန်ဖိုးရှိတဲ့ မွေးနေ့လက်ဆောင်တွေကြောင့် ပျော်ရွှင်နေတဲ့ အိန္ဒြာကျော်ဇင်

အရမ်းကိုခမ်းနားလှပပြီး တန်ဖိုးရှိတဲ့ မွေးနေ့လက်ဆောင်တွေကြောင့် ပျော်ရွှင်နေတဲ့ အိန္ဒြာကျော်ဇင်

သရုပ်ဆောင် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့မှာ အသက် (၄၂) နှစ်တိတိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက်လေးဆယ်ကျော် အရွယ်လို့ မထင်ရလောက်အောင် အရွယ်တင်တဲ့ အူဝဲက ယနေ့တိုင်အောင် နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့မိခင် အူဝဲက ဖြူဖွေးနုဖတ်တဲ့ မျက်နှာလှလှလေးသာမက ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကိုလည်း ပြောင်းလဲခြင်းမရှိဘဲ ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။

မနေ့က ကျရောက်ခဲ့တဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ အူဝဲက မနက်အစောကြီးထပြီး ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းတွေအတွက် လှူဖွယ်ဝတ္တုပစ္စည်းတွေကို ကိုယ်တိုင်လှူဒါန်းပြီး ကုသိုလ်ယူခဲ့ပါတယ်။ ညပိုင်းမှာတော့ အူဝဲတို့မိသားစုလေးက လူစုံတက်စုံနဲ့ ရွှေတိဂုံစေတီတော်ကြီးကို တက်ရောက်ဖူးမြော်ခဲ့ကြပါတယ်။ ဘယ်အချိန်ကြည့်ကြည့် လှနေတဲ့ အူဝဲက အသက်တစ်နှစ်ကြီးလာတိုင်း တည်ငြိမ်အေးချမ်းမှုအပြည့်နဲ့ ပိုတိုးလို့ လှနေတာ ဖြစ်ပါတယ်။

အခုလည်း အူဝဲက မွေးနေ့မှာ ရရှိခဲ့တဲ့ လက်ဆောင်ပစ္စည်းလေးတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးပြီး တင်ပေးထားတာ တွေ့ရပါတယ်။ အူဝဲက ” ကြိုက်မိသော ပန်းစည်းများ, ဓါတ်ပုံများ ” ဆိုပြီး အရမ်းလှတဲ့ မွေးနေ့လက်ဆောင်လေးတွေကို ထုတ်ပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တန်ဖိုးရှိပြီး ခမ်းနားလှပတဲ့ မွေးနေ့လက်ဆောင်တွေနဲ့ ပျော်ရွှင်နေတဲ့ အူဝဲရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin;

Comments are closed.