ထိုင်းမင်းသမီးလေး ကာရာဗီနဲ့အတူတူ ဘန်ကောက်မှာ ရုပ်ရှင်ရိုက်ကူးနေတဲ့ နေတိုး

ထိုင်းမင်းသမီးလေး ကာရာဗီနဲ့အတူတူ ဘန်ကောက်မှာ ရုပ်ရှင်ရိုက်ကူးနေတဲ့ နေတိုး

ပျိုပျို အိုအိုမရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ နေတိုးက အမြို့မြို့အနယ်နယ်မှာ အားပေးသူပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးဆိုလဲ မမှားပါဘူး။ နေတိုးက လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Box.88 (သေတ္တာနံပါတ် ၈၈)ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

မတ်လအတွင်းမှာကတည်းက စတင်ရိုက်ကူးနေတဲ့ “Box 88( သေတ္တာနံပါတ် ၈၈)” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က တွဲဖက်ဒါရိုက်တာ နေဟိန်းနဲ့အတူ ရိုက်ကူးပုံဖော်ပေးမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ပေးကြမယ့် အနုပညာရှင်များကတော့ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်နဲ့ ထိုင်းမင်းသမီး ကာရာဗီ တို့က အဓိကပါဝင် ရိုက်ကူး သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

Box 88 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကျန်ရှိနေတဲ့ အပိုင်းတွေကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရေပေါ်ဈေးမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဘန်ကောက်မှာတော့ အိန္ဒြာကျော်ဇင်မပါလာပဲ နေတိုးနဲ့ ကာရာဗီတို့ရဲ့ ဇာတ်ဝင်ခန်းတွေကိုသာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

မြန်မာပရိသတ်တွေကို အရမ်းချစ်ပြီး ပျော်ပျော်နေတတ်တဲ့ ထိုင်းမင်းသမီးလေး ကာရာဗီ

ရုပ်ရှင်အတူတူ ရိုက်ကူးနေကြတဲ့ နေတိုးနဲ့ ကာရာဗီ

နေတိုးနဲ့ ကာရာဗီတို့ကတော့ ရုပ်ရှင်ရိုက်ရင်း ရင်းရင်းနှီးနှီး ဆုံတွေ့ကြတာ ပျော်စရာကြီးနော်။ Box 88 (သေတ္တာနံပါတ် ၈၈) ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လဲ အားပေးကြည့်ရှုဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: 7th sense creation

Comments are closed.