မေမေ့ဓာတ်ပုံကိုထောက်ပြီး မမလို့ခေါ်နေတဲ့ မိုးယုစံသားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်

မေမေ့ဓာတ်ပုံကိုထောက်ပြီး မမလို့ခေါ်နေတဲ့ မိုးယုစံသားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်

မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ မိုးယုက ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ သားလေးကိုသာ အချိန်ပေးဂရုစိုက်နေတဲ့ မိုးယုက အလှမပျက်ဘဲ အရင်ကအတိုင်း လှနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုးယုက နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိုးယုတို့မိသားစုလေးကိုတော့ ပရိသတ်တွေက အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း မိုးယုရဲ့ချစ်သားလေးက မေမေ့ရဲ့ဓာတ်ပုံလေးကို ထောက်ပြီး မမလို့ ခေါ်နေတာ တွေ့ရပါတယ်။ အသည်းယားစရာကောင်းတဲ့ သားလေးကြောင့် မိုးယုတစ်ယောက် အချစ်ပိုခဲ့ရပါတယ်။

သားလေး ကောင်းသိင်္ခမိုးသူက ဖေဖေနဲ့မေမေရဲ့ စုံတွဲပုံလေးကိုကြည့်ပြီး ဖေဖေ့ဓာတ်ပုံကိုကျ ဒယ်ဒီလို့ခေါ်ပြီး မေမေ့ရဲ့ဓာတ်ပုံကိုကျ မမလို့ ခေါ်နေတာကို အသည်းယားစဖွယ်လေး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိုးယုသားလေးရဲ့ အမူအရာလေးတွေကတော့ မြင်သူတိုင်းကို ချစ်မ၀ ဖြစ်စေလောက်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးယုသားလေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kaung Theinkha Moe Thu;

Comments are closed.