ဘာသာစကားသစ္တစ္ခုကို အခ်ိန္တိုအတြင္း တတ္ကြ်မ္းဖို႔ လ်ိဳ႕၀ွက္ခ်က္(၃) ခု

ဘာသာစကားသစ္တစ္ခုကို အခ်ိန္တိုအတြင္း တတ္ကြ်မ္းဖို႔ လ်ိဳ႕၀ွက္ခ်က္(၃) ခု

လူၾကီးတစ္ေယာက္အဖို႔ ဘာသာစကား အသစ္တစ္ခုကို ေလ့လာတဲ့အခါ နည္းနည္းေတာ့ ခက္ခဲပါတယ္။ ခက္ခဲတယ္ဆိုတာ တျခားမဟုတ္ပါဘူး။ လူၾကီးေတြဟာ ဆယ္ေက်ာ္သက္ေတြလို ဘာသာစကားသစ္တစ္ခုကုိ အစကေန ျပန္ေလ့လာဖို႔ လံုေလာက္တဲ့ စိတ္ရွည္မႈနဲ႔ စိတ္တိမ္းညႊတ္မႈ မရွိတာပါ။ ကိုယ္နဲ႔ ရင္းႏွီးကြ်မ္း၀င္မႈမရွိတဲ့ ျပည္ပစကားကို ေလ့လာဖို႔ဆိုတာ နာရီေပါင္းမ်ားစြာ အခ်ိန္ေပးရပါတယ္။ ဒီၾကားထဲ အလုပ္တစ္ဖက္ မိသားစုတစ္ဖက္နဲ႔ ေလ့က်င့္ဖို႔ စကားေျပာေဖာ္ နည္းပါးလြန္းတဲ့ အေျခအေနေတြမွာ ဘာသာစကားသစ္တစ္မ်ိဳး တတ္ကြ်မ္းဖို႔ဆိုတာ ေတာ္ေတာ္ေလး အပင္ပန္းခံႏိုင္မွ ျဖစ္မွာပါ။

ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ဆႏၵသာရွိရင္ ဘာမဆိုျဖစ္ႏိုင္ပါတယ္။ ဘယ္ဘာသာစကားမဆို တကယ္တတ္ကြ်မ္းခ်င္ရင္ စိတ္ရွည္ရွည္နဲ႔ လံုေလာက္တဲ့အခ်ိန္ေပးဖို႔သာ အဓိကပါ။

နည္း(၂) မ်ိဳးနဲ႔ ေလ့လာပါ..

ပထမနည္းက တိုက္ရိုက္နည္းျဖစ္ၿပီး စကားလံုးအသံထြက္၊ စကားလံုးအသစ္ေတြနဲ႔ သဒၵါအထားအသုိ စတာေတြကို အာရံုစုိက္ ေလ့လာတာပါ။ ဒုတိယနည္းကေတာ့ သြယ္၀ုိက္ေလ့လာတာပါ။ ဒီနည္းကေတာ့ ကိုယ္ေလ့လာေနတဲ့ ဘာသာစကားနဲ႔ ေျပာဆိုတဲ့ ရုပ္ရွင္ေတြ၊ သီခ်င္းေတြကို နားေထာင္တာျဖစ္ပါတယ္။ ဘာသာစကားတစ္ခုကို အမွန္တကယ္တတ္ေျမာက္ဖို႔ဆို ဒီနည္းႏွ္စ္မ်ိဳးစလံုးကို အသံုးျပဳရပါတယ္။ ဒါေတြဟာ ကိုယ္ေလ့လာေနတဲ့ ဘာသာစကားအသစ္နဲ႔ တျဖည္းျဖည္း ရင္းႏွီးလာေအာင္ အကူအညီေပးပါတယ္။

အျမဲတမ္းထိေတြ႔ေနပါ..

ကိုယ္ေတြ ငယ္ငယ္တုန္းက လူၾကီးေတြ ေျပာသမွ် စကားလံုးေတြကို လိုက္အတုခိုးၿပီး သံေယာင္လိုက္ ျပန္ေျပာဖူးတာကို မွတ္မိၾကမွာပါ။ ဘာသာစကားအသစ္တစ္ခု သင္ယူတဲ့အခါမွာလည္း အလားတူနည္းအတိုင္း လုပ္ေဆာင္ရမွာပါ။ အသံထြက္ေျပာပါ။ အသံထြက္ စာဖတ္ပါ။ ကိုယ့္ရဲ႕ ပတ္၀န္းက်င္ကို ကိုယ္ေလ့လာေနတဲ့ ဘာသာစကားအသံုးအႏႈန္း ေတြနဲ႔ပဲ ၀န္းရံထားပါ။ ေလ့က်င့္ဖန္မ်ားလာရင္ စကားလံုးအသစ္၊ အသံထြက္အသစ္ေတြကို စိတ္က အလိုအေလ်ာက္ မွတ္သားႏိုင္သြားမွာပါ။

အခ်ိန္ရတိုင္း ေလ့လာေနပါ..

ဘတ္စ္ကားစီးတယ္၊ ရံုးသြားတယ္၊ ခ်ိန္းထားတဲ့သူ မလာေသးလို႔ ေစာင့္ေနရတယ္… ဒီလိုအခ်ိန္ပိုေလးေတြမွာ ဖုန္းကိုဖြင့္ၿပီး ဘာသာစကားနဲ႔ စပ္ဆိုင္တဲ့ သင္ၾကားမႈဆိုင္ရာ ေလ့က်င့္ခန္းေလးေတြကို နားေထာင္ႏိုင္ပါတယ္။ ဒါမွမဟုတ္လည္း ေ၀ါဟာရအသစ္ေတြ စုစည္းထားတဲ့ စာအုပ္ေလးတစ္အုပ္ ၀ယ္ထားပါ။ အခ်ိန္ရရင္ ရသလို တစ္လံုးစ ႏွစ္လံုးစ က်က္မွတ္လို႔ ရပါတယ္။ ဘာသာစကားအသစ္ကို ေလ့လာဖို႔ တစ္ေန႔တာ အခ်ိန္ဇယားမွာ အခ်ိန္ဘယ္ေလာက္ သံုးမယ္ဆိုတာ စနစ္တက်သတ္မွတ္ထားပါ။

အထက္ပါနည္းေတြဟာ ဘာသာစကားသစ္တစ္ခုကုိ လ်င္ျမန္လြယ္ကူစြာ တတ္ေျမာက္ဖို႔ ဘာသာစကား အမ်ိဳး(၂၀) တတ္ကြ်မ္းတဲ့ ဘာသာေဗဒပညာရွင္ မက္သယူးယိုလ္ဒန္က အၾကံျပဳထားတဲ့ နည္းေတြျဖစ္တာေၾကာင့္ လက္ေတြ႔က်င့္သံုးၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

လင္းလင္း (ShweMom)

Ref: elitereaders

[Unicode]

လူကြီးတစ်ယောက်အဖို့ ဘာသာစကား အသစ်တစ်ခုကို လေ့လာတဲ့အခါ နည်းနည်းတော့ ခက်ခဲပါတယ်။ ခက်ခဲတယ်ဆိုတာ တခြားမဟုတ်ပါဘူး။ လူကြီးတွေဟာ ဆယ်ကျော်သက်တွေလို ဘာသာစကားသစ်တစ်ခုကို အစကနေ ပြန်လေ့လာဖို့ လုံလောက်တဲ့ စိတ်ရှည်မှုနဲ့ စိတ်တိမ်းညွှတ်မှု မရှိတာပါ။ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ပြည်ပစကားကို လေ့လာဖို့ဆိုတာ နာရီပေါင်းများစွာ အချိန်ပေးရပါတယ်။ ဒီကြားထဲ အလုပ်တစ်ဖက် မိသားစုတစ်ဖက်နဲ့ လေ့ကျင့်ဖို့ စကားပြောဖော် နည်းပါးလွန်းတဲ့ အခြေအနေတွေမှာ ဘာသာစကားသစ်တစ်မျိုး တတ်ကျွမ်းဖို့ဆိုတာ တော်တော်လေး အပင်ပန်းခံနိုင်မှ ဖြစ်မှာပါ။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဆန္ဒသာရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘယ်ဘာသာစကားမဆို တကယ်တတ်ကျွမ်းချင်ရင် စိတ်ရှည်ရှည်နဲ့ လုံလောက်တဲ့အချိန်ပေးဖို့သာ အဓိကပါ။

နည်း(၂) မျိုးနဲ့ လေ့လာပါ..

ပထမနည်းက တိုက်ရိုက်နည်းဖြစ်ပြီး စကားလုံးအသံထွက်၊ စကားလုံးအသစ်တွေနဲ့ သဒ္ဒါအထားအသို စတာတွေကို အာရုံစိုက် လေ့လာတာပါ။ ဒုတိယနည်းကတော့ သွယ်ဝိုက်လေ့လာတာပါ။ ဒီနည်းကတော့ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ ပြောဆိုတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေကို နားထောင်တာဖြစ်ပါတယ်။ ဘာသာစကားတစ်ခုကို အမှန်တကယ်တတ်မြောက်ဖို့ဆို ဒီနည်းနှ်စ်မျိုးစလုံးကို အသုံးပြုရပါတယ်။ ဒါတွေဟာ ကိုယ်လေ့လာနေတဲ့ ဘာသာစကားအသစ်နဲ့ တဖြည်းဖြည်း ရင်းနှီးလာအောင် အကူအညီပေးပါတယ်။

အမြဲတမ်းထိတွေ့နေပါ..

ကိုယ်တွေ ငယ်ငယ်တုန်းက လူကြီးတွေ ပြောသမျှ စကားလုံးတွေကို လိုက်အတုခိုးပြီး သံယောင်လိုက် ပြန်ပြောဖူးတာကို မှတ်မိကြမှာပါ။ ဘာသာစကားအသစ်တစ်ခု သင်ယူတဲ့အခါမှာလည်း အလားတူနည်းအတိုင်း လုပ်ဆောင်ရမှာပါ။ အသံထွက်ပြောပါ။ အသံထွက် စာဖတ်ပါ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကိုယ်လေ့လာနေတဲ့ ဘာသာစကားအသုံးအနှုန်း တွေနဲ့ပဲ ၀န်းရံထားပါ။ လေ့ကျင့်ဖန်များလာရင် စကားလုံးအသစ်၊ အသံထွက်အသစ်တွေကို စိတ်က အလိုအလျောက် မှတ်သားနိုင်သွားမှာပါ။

အချိန်ရတိုင်း လေ့လာနေပါ..

ဘတ်စ်ကားစီးတယ်၊ ရုံးသွားတယ်၊ ချိန်းထားတဲ့သူ မလာသေးလို့ စောင့်နေရတယ်… ဒီလိုအချိန်ပိုလေးတွေမှာ ဖုန်းကိုဖွင့်ပြီး ဘာသာစကားနဲ့ စပ်ဆိုင်တဲ့ သင်ကြားမှုဆိုင်ရာ လေ့ကျင့်ခန်းလေးတွေကို နားထောင်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဝေါဟာရအသစ်တွေ စုစည်းထားတဲ့ စာအုပ်လေးတစ်အုပ် ၀ယ်ထားပါ။ အချိန်ရရင် ရသလို တစ်လုံးစ နှစ်လုံးစ ကျက်မှတ်လို့ ရပါတယ်။ ဘာသာစကားအသစ်ကို လေ့လာဖို့ တစ်နေ့တာ အချိန်ဇယားမှာ အချိန်ဘယ်လောက် သုံးမယ်ဆိုတာ စနစ်တကျသတ်မှတ်ထားပါ။

အထက်ပါနည်းတွေဟာ ဘာသာစကားသစ်တစ်ခုကို လျင်မြန်လွယ်ကူစွာ တတ်မြောက်ဖို့ ဘာသာစကား အမျိုး(၂၀) တတ်ကျွမ်းတဲ့ ဘာသာဗေဒပညာရှင် မက်သယူးယိုလ်ဒန်က အကြံပြုထားတဲ့ နည်းတွေဖြစ်တာကြောင့် လက်တွေ့ကျင့်သုံးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

Comments are closed.