ချစ်ရသူ ခင်ပွန်းလောင်းဏကြီးဆီမှာ အဆူခံလိုက်ရတဲ့ ပိုင်ဖြိုးသု

ချစ်ရသူ ခင်ပွန်းလောင်းဏကြီးဆီမှာ အဆူခံလိုက်ရတဲ့ ပိုင်ဖြိုးသု

“မီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းသမီးလေး ပိုင်ဖြိုးသုကတော့ မကြာခင်မှာ သူမရဲ့ ချစ်ရသူဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့အတူ ရွှေလက်တွဲတော့မှာဖြစ်ပါတယ်။ အချိန်အတော်ကြာချစ်သူတွေဖြစ်လာကြတဲ့ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ စုံတွဲကတော့ ဝါသနာတူ၊စိတ်တူကိုယ်တူနဲ့  အရမ်းကို လိုက်ဖက်တဲ့ စုံတွဲဖြစ်တာကြောင့် ပရိသတ်တွေအားကျရတဲ့ စုံတွဲလည်းဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ လတ်တလောမှာ သူမတို့အတွက် မင်္ဂလာပွဲအတွက် ရိုက်ကူးထားတဲ့ ဓါတ်ပုံကို ပရိသတ်တွေအတွက် ဖေစ်ဘုတ်ပေါ်မှာ တင်ပေးခဲ့ပါတယ်။ ပိုင်ဖြိုးသုကတော့ “ပုံတွေမတင်နဲ့ဦးလို့ လေးလေးဏကပြောသော်လည်း မနေနိုင်လို့ တစ်ပုံလောက်တော့တင်ပါရစေ” လို့ရေးထားပြီး ဓါတ်ပုံလေးတစ်ပုံကို တင်ပေးခဲ့တာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ ဓါတ်ပုံတင်လိုက်လို့ ချစ်သူရဲ့ အဆူကို ခံလိုက်ရတဲ့ပုံပါပဲ။

“ဓါတ်ပုံလေး တစ်ပုံတင်မိတာကို တကူးတကဖုန်းဆက်ပြီးလည်းဆူသလို သူများက နေ့လယ်shooting ထမင်းစားbreak မှာသူထမင်းစားပြီးပြီလားဖုန်းဆက်မေးတာကိုလည်း အဲဒီဓါတ်ပုံကိစ္စကို ထပ်ဆူတာမို့ စိတ်ကောက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း…” လို့ရေးထားပြီး ချစ်သူကို စိတ်ကောက်နေတဲ့အကြောင်းလေးကို တင်ထားတာဖြစ်ပါတယ်။READလုံးဝ အလွင့်ဖြစ်နေတဲ့ ပရိသတ်အချစ်တော် သင်ဇာဝင့်ကျော်

ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့စုံတွဲကို အများကြီး ချစ်ပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: paing Phyoe thu

Comments are closed.