ခေတ်မှီသွားအောင် အသိုက်လေးထဲဝင်ပြီး ဓာတ်ဖမ်းခဲ့တဲ့ ပင်လယ်ပျော်နတ်သမီး ခင်သဇင်ရဲ့ အလန်းစားပုံရိပ်များ

ခေတ်မှီသွားအောင် အသိုက်လေးထဲဝင်ပြီး ဓာတ်ဖမ်းခဲ့တဲ့ ပင်လယ်ပျော်နတ်သမီး ခင်သဇင်ရဲ့ အလန်းစားပုံရိပ်များ

မော်ဒယ်လ်လောက ကနေ အနုပညာလောကထဲသို့ ဝင်ရောက်လာတာဖြစ်ပြီး အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ရရှိထားတဲ့ ခင်သဇင်ကို သိကြမယ်ထင်ပါတယ်နော်…။ သရုပ်ဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားတွေလည်း များစွာ ရိုက်ကူးထားပြီး ပရိသတ်ကြီးရဲ့ အသည်းနှလုံးကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်…။ “Now and Ever” “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထက်အသစ်သစ်သော ရုပ်ရှင်တွေကိုလည်း ဆက်လက်ရိုက်ကူးနေတာဖြစ်ပါတယ်…။

ခင်သဇင်ဟာဆိုရင် ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွား မှတ်တမ်းပုံရိပ်တွေကိုလည်း ပရိသတ်တွေကြည့်ရှုခံစားရအောင် အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ ရေကူးဝါသနာပါသူဖြစ်ပြီး ရေကူးကန်ထက်က အမိုက်စားပုံရိပ်တွေဟာဆိုရင်လည်း ပုရိသတွေအတွက် တစ်ကယ့်ကို ရင်ခုန်စရာကောင်းတာဖြစ်ပါတယ်…။ သူငယ်ချင်းတွေနဲ့အတူ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တက်သူဖြစ်ပြီး ဘဝကြီးကို အေးချမ်းသာယာဖွယ်လျှောက်လှမ်းနေတာဖြစ်ပါတယ်…။

ခင်သဇင်ဟာပရိသတ်ကြီး နဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း ခရီးသွားတုန်းက ရိုက်ကူးခဲ့တဲ့ အမိုက်စား အလှပုံရိပ်တွေကို “တင်လိုက်ပြီ အသိုက်လေးနဲ့ ဟော ….ခေတ်မှီသွားပါပြီ ခေတ်မှီသွားပါပြီနော် ဓာတ်ပုံက ဘယ်ရှိပါ့မလဲခရီးသွားရင် ကိုယ့်ဖုန်းနဲ့ကိုယ် မှထုတ်မရိုက်တာ ဒါကတော့ သူငယ်ချင်း ကောင်းမှုနဲ့ ရလိုက်သောပုံလေး Personal photographer ချောချောလေး တစ်ယောက်တော့ လိုနေပြီနော့ စဒါဘာ စဒါဘာ” ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင် ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source Khin Thazin

Comments are closed.