ရာသီဥတုကို ပူတာကို အခွီတလိုင်းပုံစံနဲ့ ပြောပြလိုက်တဲ့ ဖြူဖြူထွေးရဲ့ဟာသဗီဒီယိုဖိုင်

ရာသီဥတုကို ပူတာကို အခွီတလိုင်းပုံစံနဲ့ ပြောပြလိုက်တဲ့ ဖြူဖြူထွေးရဲ့ဟာသဗီဒီယိုဖိုင်

ဟာသသရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အခွီတလိုင်း ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်သူ ဖြစ်ပါတယ်။ နာမည်လေးနဲ့လိုက်အောင် စိတ်ထားလေးကအစ ဖြူစင်တဲ့ ဖြူဖြူထွေးက ကိုယ်တိုင်ရှာဖွေလို့ရတဲ့ အနုပညာကြေးတွေနဲ့ မိဘတွေကို ပြန်လည်လုပ်ကျွေးနေတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဖြူဖြူထွေးက အောင်မြင်တဲ့ Cele တစ်ယောက်အဖြစ် ရပ်တည်နေရပြီပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖြူဖြူထွေးက နယ်ခရီးတွေ ဆက်တိုက်ထွက်နေရပြီး အခုလည်း ” ဥသျှစ်ပင် ပန်းတောင်းမြို့နယ် ဘုရားပွဲတော်မှာ ဒီနေ့ ည (26) ရက်နေ့ မှာ ဖျော်ဖြေမှာ နော် အသဲတို့” ဆိုပြီး ကြေညာထားတာ တွေ့ရပါတယ်။ ပွဲအခမ်းအနားတွေ တက်ရောက်နေရပြီး ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေပေးနေတဲ့ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေး ဟာသဗီဒီယိုအသစ်လေးတစ်ခုကို တင်ပေးထားပါတယ်။

ပူပြင်းလှတဲ့ အခုလိုရာသီမှာ ဘယ်လိုတွေ ခံစားနေရသလဲဆိုတာကို ဖြူဖြူထွေးက ဟာသအမြင်လေးနဲ့ ပြောပြထားတာ တွေ့ရပါတယ်။ အများကိုရယ်မောစေနိုင်ပြီး ချစ်စရာကောင်းတဲ့ စကားပြောဟန်၊ အမူအရာလေးတွေကြောင့် အားလုံးက ဝိုင်းချစ်နေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟာသမင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အသစ်စက်စက် ဟာသဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe;

Comments are closed.