သစ်တံခါးဆရာတော်ကြီးကိုယ်တိုင် နာမည်ပေးကင်ပွန်းတပ်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့သမီးလေး

သစ်တံခါးဆရာတော်ကြီးကိုယ်တိုင် နာမည်ပေးကင်ပွန်းတပ်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့သမီးလေး

ပရဟိတမင်းသမီးလေးရဲ့ အသည်းနှလုံးကို ဖမ်းစားလိုက်တဲ့ သမီးလေးကတော့ မေမေခိုင်နှင်းဝေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝတင်မက ဖိတ်လျှံကျ လောက်အောင်ပါ ရရှိနေပါတယ် ပရိသတ်ကြီးရေ။ သမီးလေးအတွက် အများကြီး စဉ်းစားထားပြီး သမီးလေးကောင်းစားရေးကိုပဲရှေးရှုတဲ့ တာဝန်သိတဲ့ မေမေရဲ့ လက်ထဲမှာ သမီးလေးရဲ့အနာဂတ်ဟာ တောက်ပနေမယ်ဆိုတာ ဗေဒင်မေးစရာ မလိုလောက်တော့ပါဘူး။

ကယ်တင်ထားခဲ့တဲ့ မိဘမဲ့ကလေးတွေကိုလည်း ကျွေးမွေးထားပြီး ပရဟိတတွေကိုလည်း အလျဉ်းသင့်သလိုလုပ်တတ်တဲ့ လူမှုရေးစိတ်ဓာတ်အပြည့်ရှိတဲ့ မင်းသမီးတစ်လက် လည်းဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို စိတ်ထားလေးကလည်းဖြူစင်တာမို့ အားလုံးရဲ့ အချစ်တွေကို သိမ်းပိုက်ထား နိုင်သူလေးပေါ့နော်။ အခုတော့ သူမရဲ့သမီးလေးကိုပဲ အားလုံးကဝိုင်းချစ်နေတာမို့ သူမအနေနဲ့ ပီတိပိုဖြစ်ရတယ်လို့ဆိုပါတယ်။

သမီးလေးရဲ့နာမည်ပေးကင်ပွန်းတပ်တဲ့အကြောင်းလေးကို ” ကျေးဇူးတော်ရှင် သစ်တံခါး ဆရာတော် ဘုရားကြီးရဲ့ မေတ္တာဓတ်ခံယူဖို့ သမီးလေးကို ဘုန်းဘုန်းဆီခေါ်သွားဖြစ်တယ် သမီးလေးရဲ့ နာမည်ကို ကိုယ့်စိတ်ကူးလေးအတိုင်းပေးထားပေမယ့် ဘုန်းဘုန်းက နေ့သင့် နံသင့်နဲ့ နာမည်လေးပြန်ရွေးပေးလို့ သမီးလေးနာမည်ကို ဘုန်းဘုန်းပေးတဲ့နာမည်လေးပဲ ပေးလိုက်တော့မယ် သမီးလေးနာမည်ကင်ပွန်း တပ်ကျမှ နာမည်လေးကို ပြောပြတော့ မယ်နော် ဘုန်းဘုန်းဆီရောက်ရင်ကို ဘုန်းဘုန်းရဲ့မေတ္တာဓာတ်နဲ့ အေးချမ်းရတာမို့ သမီးလေးနဲ့အတူတူ ဆရာတော့်ကိုဖူးရတာရင်ထဲကြည်နူးအေးချမ်းလိုက်တာ ဘုန်းဘုန်းကို ချွေးနည်းစာနဲ့ နဝကာမဝတ္တုငွေကပ်ရင်းကုသိုလ်ယူခဲ့ပါတယ် ဘုန်းဘုန်းကို ကျမရဲ့ အခုလက်ရှိစောင့်ရှောက်ထားတဲ့ သား/သမီးတွေအကြောင်း , ဘယ်လိုပြုစုစောင့် ရှောက်ထားတယ် ဆိုတဲ့အကြောင်းတွေလျှောက်ထားဖြစ်ရင်း သစ်တံခါးဆရာတော် နှင့် ပဌာန်းဆက်ပါရမီရှင်များမှ နို့မှုန့် ၁၀ဗူးအတွက် အလှူငွေ ၁၁၀,၀၀၀/ကျပ် အရှင်စရဏ(ခ)ညီညီထွန်း မှ နို့မှုန့် ၁၀ဗူးအတွက် အလှူငွေ ၁၁၀,၀၀၀/ကျပ် ကို လှူဒါန်းပေးခဲ့ပါတယ် သစ်တံခါးဆရာတော်နဲ့တကွလှူဒါန်းကြတဲ့ အလှူရှင် အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo – Khine Hnin Wai

Comments are closed.