မေမေချစ်သုဝေရဲ့ လေ့ကျင့်ခန်းမှာ ပုံစံမျိုးစုံနဲ့ ဝင်နှောင့်ယှက်ခဲ့ကြတဲ့ ခေတ်နဲ့သစ်လေး

မေမေချစ်သုဝေရဲ့ လေ့ကျင့်ခန်းမှာ ပုံစံမျိုးစုံနဲ့ ဝင်နှောင့်ယှက်ခဲ့ကြတဲ့ ခေတ်နဲ့သစ်လေး

မေမေချစ်သုဝေတစ်ယောက်ကတော့ ခေတ်နဲ့သစ်လေး အမြွှာ (၂) ယောက်နဲ့ လေ့ကျင့်ခန်းကို ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခေတ်နဲ့သစ်ဆိုပြီး ပရိသတ်တွေကိုပါ အချစ်တွေတိုးစေဖို့ ချစ်သုဝေကတော့ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင်နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ချစ်သုဝေကတော့ သမီးလေး (၂) ယောက်ကို အင်မတန်မှ ဂရုစိုက်ပြီး ကောင်းမွန်စွာထိန်းကျောင်းပြုပြင်နေတာတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေပြီးတော့ အမြဲတင်ပေးထားတာ တွေ့ရမှာပါ။

မေမေထရီဇာတစ်ယောက် လေ့ကျင့်ခန်းလုပ်ချင်လို့ သန္တာလှိုင်ရဲ့ Personal Trainer နဲ့ တစ်ပတ် ၃ ရက်လေးလုပ်ခဲ့ပါတယ်တဲ့။ လေ့ကျင့်ခန်းလုပ်ချိန် တစ်နာရီအတွင်းမှာ ခေတ်လေးနဲ့ သစ်လေးရဲ့ အမျိုးမျိုးသောနှောင့်ယှက်မှုလေးတွေကို မေမေချစ်သုဝေက ခုလိုပဲ တင်ပြထားတာပါနော်။

စ ကစားနေပါပြီ…၁၂၃၄…မှမဆုံးသေး တဲ့အချိန်မှာ

treza ဗိုက်ကိုအားစိုက်ထားလို့ ဆရာမ ခမျာ ပြောလို့ပြင်ပေးလို့မှမဆုံးခင်….ဟော…

ဟော လာပါပြီ ခင်မျာ….. ခေတ်နဲ့သစ် ၂ ယောက်ကတော့ မေမေ့ဆီကို တက်ဖို့ အပြေးလာခဲ့ကြတာပါနော်

တောင့်ထား…၁..၂..၃…၄… မေမေထရီဇာတစ်ယောက် သမီးလေးတွေရဲ့ အနွံတာကိုခံရင်း

သေပါပြီ တီချယ်ဟုအော်ပြောရတဲ့အဆင့်ထိကို ရောက်ခဲ့ပါတယ်တဲ့

မေမေထရီဇာကို ဘယ်လိုတွေတောင် နှောင့်ယှက်တာလဲ ကြည့်ပါဦး ပရိသတ်ကြီးရေ

🤣
😂

ပြန်ထ နောက်တစ်မျိုးပြောင်း…ရတယ်လေ..အလေးတုံးဝယ်စရာမလိုဘူး ပေါင် ၆၀ နီးပါးနဲ့ ကိုယ်တွေက ကစားတာလေ…တဲ့ သမီးလေးတွေ ဘယ်လိုဆော့ဆော့ အပြုံးမပျက်နိုင်ရှာတဲ့ မေမေထရီဇာ

နံပါတ်စဉ်အလိုက်လည်း ရယ်ပေးပြန်တဲ့ ခေတ်နဲ့သစ်

မေမေ့ကို အမြဲဆော့ဖို့ပဲ ခေါ်နေတတ်တယ်ဆိုတဲ့ မယ်သစ်ကလေး

ကဲ မေမေထရီဇာရဲ့ Work Out လေးကတော့ ခုလိုပဲ ခေတ်နဲ့သစ်လေးရဲ့ နှောင့်ယှက်မှုလေးတွေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်နော်။ ခေတ်နဲ့သစ်ရဲ့ ပရိသတ်တွေအတွက် မေမေထရီဇာရဲ့ လေ့ကျင့်ခန်းအစီအစဉ်လေးကို ဖော်ပြပေးလိုက်ပါတယ်။We Love Cele

Photos-Chit Thu Wai

Comments are closed.