Star Awards ကရရှိတဲ့ဆုငွေသိန်း ၅၀ကို စိတ်ကျန်းမာရေး ဆေးရုံကြီး မှာ လှူဒါန်းခဲ့တဲ့ ဇဏ်ခီတို့ဇနီးမောင်နှံ

Star Awards ကရရှိတဲ့ဆုငွေသိန်း ၅၀ကို စိတ်ကျန်းမာရေး ဆေးရုံကြီး မှာ လှူဒါန်းခဲ့တဲ့ ဇဏ်ခီတို့ဇနီးမောင်နှံ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိထားသူများကတော့ ခီမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ “ ဥပါယ်တံမျဉ်” ဇာတ်ကားကြီးမှတစ်ဆင့် ပရိတ်တွေကြားမှာအထူးကိုရေပန်းစားအောင်မြင်ခဲ့တာပါ။ ပရိတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့တဲ့ “ မုဒြာခေါ်သံ ” နှင့် “ ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးများဟာ အကယ်ဒမီဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့သော်လည်း ဆုတစ်ဆုမျှမရရှိခဲ့ခြင်းကြောင့် ပရိသတ်များသာမက အနုပညာရှင်များကပါ အထူးဝမ်းနည်းခဲ့ကြတာပါ။

သို့သော်လည်း Star Awards ဆုပေးပွဲလေးမှာတော့ “ ဥပါယ်တံမျဉ် ” ဇာတ်ကားကြီးနဲ့ အကောင်းဆုံးဒါရိုက်တာဆုကို ခရစ္စတီးနားခီက ထိုက်တန်စွာရရှိခဲ့ပါတယ်။ ပရိသတ်များကလည်း ဒီဆုကိုရရှိခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရတာပါ။

ခီမောင်နှံဟာ Star Awards မှရရှိခဲ့တဲ့ ဆုငွေသိန်းငါးဆယ်ကို အလှူတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့လူမှုကွန်ယက်မှာလည်း “ Star Awards မှရရှိသော ဆုငွေသိန်း ၅၀ အား မနေ့က လက်ခံရရှိပြီး ယနေ့ စိတ်ကျန်းမာရေး ဆေးရုံကြီး မှာ

“ခီမောင်နှံ နှင့်ပရိတ်သတ်များ” အနေနဲ့ လှူဒါန်းခဲ့ပါတယ်။ အားလုံးကို မေတ္တာပို့ အမျှပေးဝေပါတယ်…” ဆိုပြီးဝေမျှထားတာပါ။ ခီမောင်နှံလည်း ဒီထက်မကပို၍ကောင်းမွန်သောရုပ်ရှင်ဇာတ်ကားကြီးများနဲ့ နိုင်ငံတကာကိုထိုးဖောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo – Christina Kyi

Comments are closed.