ရုပ်ရှင် စာပေ ဂီတ သဘင် အနုပညာဟင်းလေးအိုးကြီး တဲ့ စွယ်စုံရအနုပညာရှင် ဘဘစည်သူဗိုလ်ကလေးတင့် အောင် ကွယ်လွန်
ပရိသတ်ကြီးရေ စွယ်စုံရအနုပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ ဘဘဗိုလ်ကလေးတင့်အောင်ကတော့ မနေ့က ည(၁၁)နာရီအချိန်က ဘဝတစ်ပါး ကို ပြောင်းရွှေ့ကွယ်လွန်းသွားကြောင်းကြားသိခဲ့ရပါတယ်။ အနုပညာလောကရဲ့ တန်ဖိုးဖြတ်မရလောက်အောင် ထူးချွန်လှတဲ့ စွယ်စုံရအနု ပညာရှင်ကြီးကွယ်လွန်သွားတာကတော့ အနုပညာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲနော်။
ဘဘဗိုလ်ကလေးတင့်အောင်ကတော့ မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ပြဇာတ်၊ဇာတ်ညွှန်းရေးဆရာ တစ်ဦးလည်းဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦး လည်းဖြစ်ပြီး တကယ့်ကိုမှ စွယ်စုံရအနုပညာရှင်ကြီးတစ်ယောက် ပါ။ဒါ့အ ပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့ မှုများအတွက် နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
လက်ရှိကွယ်လွန်ချိန်မှာတော့ ဘဘစည်သူဗိုလ်ကလေးတင့်အောင်က အသက် (၉၉)နှစ်ကျော်နေခဲ့ပြီဖြစ်ပါတယ်။ CeleGabar ပရိ သတ်ကြီးရေ စွယ်စုံရအဖိုးတန်အနုပညာရှင်ကြီးဖြစ်တဲ့ ဘဘစည်သူဗိုလ်ကလေးတင့်အောင်ရဲ့ နာရေးသတင်းလေးကိုတော့ စိတ်မ ကောင်းစွာနဲ့ပဲ ပရိသတ်တွေအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Myanmar Motion Picture Organization
Chilli – CeleGabar
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*