
အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒိုင်လူကြီးတွေရွေးချယ်တဲ့ Special Jury Award ဆုရရှိခဲ့တဲ့ ဒါရိုက်တာ ဝိုင်း
မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၂၀၁၉ မှာ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ ဝိုင်းက ဇာတ်ကားကောင်းတွေများစွာကို ကျော်ပြီး ဒိုင်လူကြီးများရွေးချယ်ပေးတဲ့ Special Jury Award ဆုကို ရရှိခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းကတော့ မြန်မာနိုင်ငံမှာသာမကပဲ နိုင်ငံတကာရဲ့သဘောကျနှစ်သက်ခြင်းကို ခံနေရတဲ့ ဒါရိုက်တာတစ်ဦးပါပဲနော်။

ချစ်ပရိသတ်တွေအတွက် အာဆီယံ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒိုင်လူကြီးတွေရွေးချယ်တဲ့ Special Jury Award ဆုရရှိခဲ့တဲ့ ဒါရိုက်တာ ဝိုင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

“ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော်တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာလဲ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးက အကယ်ဒမီ လေးဆုတိတိ ရရှိခဲ့တာ ဖြစ်ပါတယ်။

Congratulations ပါ ဒါရိုက်တာ ဝိုင်းရေ…

နိုင်ငံအသီးသီးက ပါဝင်ကြတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာ မြန်မာ့ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ရွှေကြာ” ရုပ်ရှင်အနေနဲ့ Special Jury Award ဆုရရှိခဲ့တာ ဂုဏ်ယူစရာပဲနော်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source:Asian International Film Festival & Award