မန်ကျည်းသီး ခူးရင်း ဖွံ့ထွားမို့မောက်သော အမိုက်စားကောက်ကြောင်းအလှကို ပြသလိုက်တဲ့ အိချောပို

မန်ကျည်းသီး ခူးရင်း ဖွံ့ထွားမို့မောက်သော အမိုက်စားကောက်ကြောင်းအလှကို ပြသလိုက်တဲ့ အိချောပို

စူစူလို့ ပရိသတ်အများကချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီး အိချောပိုဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိလာတာဖြစ်ပါတယ်…။ သရုပ်ဆောင်ပိုင်နိုင်ပီပြင်သူဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပသူလည်းဖြစ်ပါတယ်…။ ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့ အလှတွေကြောင့် Social media လောကမှာ အမျိုးသားပရိသတ်အများဆုံးရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်…။

အိချောပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို အမြဲလိုလိုမြင်တွေ့ကြရမှာပါ..။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ရေကူးကန်ထက်က အမိုက်စားပုံရိပ်တွေဟာဆိုရင်လည်း ပုရိသအပေါင်းကို စွဲမက်စေတာပဲဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်တော့ ရှမ်းပြည်နယ် နောင်ချိုသို့ရောက်ရှိနေပြီး “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတာကို မြင်တွေ့ရမှာပါ…။

ထိုဇာတ်ကားကြီးထဲမှာဆိုရင်တော့ မြင့်မြတ်၊တိုင်ရွန်၊အိချောပို၊ရွှေပိုးအိမ်၊ညီနန္ဒ၊ခင်လှိုင်၊ဂျိုကာ၊စိုးမိုးကြည်၊တက္ကသိုလ်ဂွမ်းပုံ စတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး အထူးဧည်သည်သရုပ်ဆောင်အဖြစ် ကြက်ဖ မှာ ပါဝင်ကူညီအားဖြည့်ထားကြောင့် သိရှိရပါတယ်…။ ထိုရုပ်ရှင်ကားကောင်းကြီးကို စောင့်မျှော်အားပေးရင်း ရိုက်ကွင်းပေါ်က အိချောပိုရဲ့ တစ်ကိုယ်တော်အမိုက်စားပုံရိပ်တွေကို ခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source Ei Chaw Po

Comments are closed.