
ရေခဲပြင်စကိတ်ကိုမထင်မှတ်လောက်အောင်အမိုက်စားစီးပြတဲ့ဗီဒီယိုလေးတင်လိုက်တဲ့ စိုင်းစိုင်း
ယနေ့ချိန်ထိ အနုပညာလမ်းကြောင်းမှာအောင်ုမင်မှုတွေနဲ့ လျှောက်လမ်းနေတာကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် စိုင်းစိုင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပွဲတိုင်းလိုလိုဟာလည်း ပရိသတ်တွေအများအပြားလာရောက်ကြတာပဲ ဖြစ်ပါတယ်။

ဧပြီ ၁၀ ရက်နေ့ကကျင်းပခဲ့တဲ့ သူ့ရဲ့မွေးနေ့showလေးမှာလည်း ပရိသတ်သုံးသောင်းကျော်တက်ရောက်ခဲ့ပြီး အစည်ကားဆုံးပွဲလေးဖြစ်ခဲ့ပါတယ်။ စိုင်းစိုင်းဟာ အဆိုဘက်တွင်သာမက သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်တဲ့စွယ်စုံရ အနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

လတ်တလောမှာလည်း စင်ကာပူမြန်မာသြင်္ကန်ပွဲတော်ကို Frenzo Artists တွေနဲ့သွားရောက်ဖျော်ဖြေထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုများဟာ ပရိသတ်များသာမကပဲ အနုပညာရှင်များကပါ မချီးကျူးပဲမနေနိုင်အောင်ပါပဲ။ စိုင်းစိုင်းဟာ မနေ့ညက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ “ ရေခဲ Skate မစီးတာ နှစ်ပေါင်းကြာ
Balance တောင် မနည်း ပြန်လုပ်နေရတယ်Garrrrrr ” ဆိုပြီး ရေခဲပြင်စကိတ်စီးနေတဲ့ ဗီဒီယိုလေးဖြစ်ပြီး ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်။
Source- Sai Sai Kham Leng