ချစ်သူရဲ့အဝတ်ဗလာပုံကို ချစ်စနိုးစကားလေးနဲ့တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

ချစ်သူရဲ့အဝတ်ဗလာပုံကို ချစ်စနိုးစကားလေးနဲ့တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဟာဆိုရင် သိပ်မကြာခင်လပိုင်းတွေတုန်းက ချစ်သူမရှိပဲ တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့ဘဝကို အေးချမ်းသာယာစွာဖြတ်သန်းနေခဲ့တာပါ။ ဒါပေမယ့် အခုတလောမှ ချစ်သူရသွားခဲ့တာလည်းဖြစ်ပါတယ်။ ဖူးစာလို့ခေါ်ရမလား နဖူးစာရွာလည်တယ်ပဲပြောရမလား အားလုံးသိကြတဲ့အတို်င်း သင်ဇာရဲ့ချစ်သူကတော့ ဆွစ်ဇာလန်နိုင်ငံသား Yannick ဆိုတဲ့ ကိုလူချော နိုင်ငံခြားသားပဲဖြစ်ပါတယ်။ သင်ဇာက အခုဆိုရင် ချစ်သူရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာ အတိအလင်းဖော်ပြလိုက်ပါပြီ။

သင်ဇာက မကြာသေးမီက အင်တာဗျူးတွေမှာ သူ့ကိုကြွေနေတဲ့ နိုင်ငံခြားသားတစ်ဦးက Valentine’s Day မှာ ပန်းတွေပို့ပေးပြီး surprise လုပ်ပေးတဲ့အကြောင်းနဲ့ ရင်ခုန်သွားပေမယ့် သူဘယ်လိုလူမျိုးလဲဆိုတာသိဖို့လေ့လာနေဆဲပဲလို့ဖြေသွားခဲ့ဖူးပါတယ်။အခုတော့ Yannick က သင်ဇာရဲ့အချစ်စာမေးပွဲကို အမှတ်ပြည့်နဲ့အောင်မြင်သွားခဲ့ပုံပါပဲ။ သင်ဇာနဲ့ Yannick တို့နှစ်ယောက် Maldives ကို အပန်းဖြေခရီးထွက်ပြီးပျေုာ်ရွှင်နေကြပုံတွေက လူမှုကွန်ယက်တွေမှာပလူပျံလာခဲ့ပြီး ပရိသတ်တော်တော်များများကလည်း သင်ဇာတစ်ယောက်ချစ်သူရနေပြီဆိုတာကို ရိပ်ဖမ်းသံဖမ်းသိသွားကြပါတယ်။

အခုတော့ သင်ဇာက သူ့ချစ်သူလေးကို Instagram မှာ ဓာတ်ပုံတင်ပြီး ပရိသတ်တွေကို ချပြလိုက်ပါပြီ။ သင်ဇာရဲ့ Instagram ကိုစဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေသူတွေဆိုရင် သင်ဇာတင်ထားတဲ့ Yannick ရဲ့အဝတ်မပါတဲ့ အထက်ပိုင်းခန္ဓာကိုယ်နဲ့ဓာတ်ပုံကိုတွေ့ကြမှာပါ။ သင်ဇာက နိုင်ငံခြားသားလေးနဲ့ တော်တော်လေးချစ်ကျွမ်းဝင်နေပုံရှိပြီး ချစ်လို့မဝနိုင်အောင်ဖြစ်နေပုံပေါ်ပါတယ်။ ချစ်သူရဲ့ပုံကို “the cutest monkey ever” “ချစ်ဖို့အကောင်းဆုံး မျောက်ကလေး”ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ Instagram Myday မှာတင်ထားခဲ့တာပါ။ အဲဒီ ပုံကိုတွေ့လိုက်ရတဲ့ ပရိသတ်တွေက သူတို့နှစ်ယောက်ကို အသည်းတွေယားပြီးသဘောတူနေကြသလို သင်ဇာကို နိုင်ငံခြားသားလက်ထဲထည့်ဖို့ နှမျောတွန့်တိုနေကြသူတွေလည်းရှိပါတယ်။

မကြာခင်ကပဲ Yannick ကလည်း သင်ဇာကို လက်ဆွဲထားတဲ့ ဓာတ်ပုံလေးကို သူ့ရဲ့ Instagram မှာတင်ထားသေးတာမို့ သူတို့နစ်ယောက်ရဲ့အချစ်တွေက တကယ့်ကိုခိုင်မာပြီး လူသိရှင်ကြားစုံတွဲလေးအဖြစ်ကို ရောက်လာပြီလို့ပြောလို့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်ဇာနဲ့ Yannick ကို သဘောတူကြလား။ သင်ဇာရဲ့နောက်ထပ်ဆက်မယ့်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Comments are closed.