သိန်း၅၀၀၀တန်အိမ်အကြောင်းရှင်းပြသွားတဲ့ အဆိုတော်ပိုပို

သိန်း၅၀၀၀တန်အိမ်အကြောင်းရှင်းပြသွားတဲ့ အဆိုတော်ပိုပို

ခံစားချက်အပြည့်နဲ့သီချင်းတွေသီဆိုတတ်ပြီး ၊ ချစ်စရာကောင်းတဲ့အဆိုတော် ပိုပို တစ်ယောက်တော့အလှူအတန်းမှာဆိုရင်လည်း လက်မနှေးသူတစ်ယောက်ပါ ။ အခုသူနဲ့ 8Days မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာ သူရဲ့လက်ရှိဆောက်နေတဲ့အိမ်နဲ့ပတ်သက်ပြီးပြောပြသွားတဲ့အကြောင်းတွေကို ပြာချင်လွန်းလို့မိတ်ဆွေတွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

အိမ်ဆောက်ချိန်မှာစိတ်တိုင်းကျလှူဖြစ်ရဲ့လားတိုတဲ့မေးခွန်းကို “ပထမကတော့ကိုယ်ကမတွက်မိလိုက်ဘူး ၊ မတွက်မိလိုက်ဘူးဆိုတာကိုယ်က အလှူကတော့ဘယ်လိုဖြစ်ဖြစ်လုပ်မှာပေါ့ ။ ကြားထဲမှာ လှူမယ် ဆိုပြီးတော့အာမဘန္တေ ခံထားတာတွေလည်းရှိတယ် ။ စတူဒီယိုက ပစ္စည်းတွေထပ်ဝင်တော့ ရယ်နေရတယ် ။ ကိုယ်က ပြန်ပြီးတော့တွက်ကြည့်လိုက်တာ သွားပြီ ငါမှတပြားမှတောင်မကျန်တော့ဘူးထင်တယ် ။အဲ့ဒီလိုတော့စဉ်းစားမိတယ် ။ ဒါပေမယ့်ကိုယ်လှူရမယ့်အလှူတွေကတော့ ပြောပြီးသားဆိုတော့လှူဖြစ်မှာပေါ့ ။ကံကောင်းပါစေလို့ဆုတောင်းရမှာပေါ့ ။ ဆိုပြီးပြောပြသွားပါတယ် ။ နောက်ထပ်မေးခွန်းတစ်ခုဖြစ်တဲ့သိန်းငါးထောင်အိမ်ဆိုပြီး နာမည်ကြီးနေတဲ့အပေါ်မှာလည်း ” အမှန်တော့အထင်ကြီးနေတာပါ ။မြေနဲ့ဆိုရင်တော့ဟုတ်ပါတယ် ။ အိမ်ကြီးတစ်လုံးတည်းနဲ့ဆိုရင်တော့ သိန်း၅၀၀၀ မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ ၃နှစ်ကျော်ကျော်လောက်ကမြေလေးစဝယ်တယ် ။ပြီးတော့၃နှစ်လောက်နေပြီးတော့ ပိုက်ဆံစုရသေးတယ် ။စုပြီးတော့မှ ဒီအိမ်လေးကဆောက်ထားတာ ။အဓိကက စတူဒီယိုက ပါသွားလိုပိုက်ဆံပိုကုန်သွားတာလည်းပါတယ် ။စတူဒီယိုကပဲ သိန်း၆၀၀၊၇၀၀ လောက်ဝင်သွားတာပေါ့ ။ စတူဒီယိုလည်းပါလို့ပါ ၊ အိမ်တစ်လုံးထဲမှာ တစ်ခုတည်းမှာတင်မဟုတ်ပါဘူး မြေရောအကုန်လုံးပါပါတယ် ။ အရမ်းအထင်မကြီးပါနဲ့ “ဆိုပြီးတော့ပြောပြသွားပါတယ် ။

အိမ်မှာစတူဒီယို ထည့်ကတဲ့အကြောင်းကိုလည်း “ကိုယ့်သီချင်းတွေကို အားစိုက်ပြီးတော့ကိုယ်က စတူဒီယို လုပ်မှာပါ ။နောက်တစ်ခုကတော့ သူများစတူဒီယိုမှာသွားပြီးသွင်းရရင် စတူဒီယိုဖိုးနဲ့ဘာနဲ့တွက်ရတာ ။ နေမကောင်းဖြစ်နေတာမျိုးတို့ ၊ ဥပမာ ဝမ်းသွားတာမျိုးတို့. အားမရှိတော့ဘူးဆိုရင် သီချင်းကမဆိုနိုင်တော့ဘူးလေ ၊ ဒါမှမဟုတ်လည်းညတုန်းက အိပ်ရေးပျက်သွားတယ် ။ သူငယ်ချင်းတွေနဲ့လျှောက်သွားတာများသွားတယ် ဆိုရင် အိပ်ရေးပျက်ရင်လည်းမဆိုနိုင်ဘူးလေ ။ မဆိုနိုင်ရင် တောင် Duty ယူထားပြီဆိုရင် မရမကဆိုရတော့မှာပဲ ။ ဘာဖြစ်လို့လဲဆိုတော့ သူများဆီမှာ Duty ယူထားရင် ပိုက်ဆံပေးရတော့မှာကို ၊ ကိုယ့်စတူဒီယိုမှာ ဆိုရင် အဆင်ပြေရင်ဆိုမယ် ၊ အဆင်မပြေရင်မဆိုဘူး ၊ထပ်ခါထပ်ခါလည်းဆိုလို့ရတယ် ။ အေးဆေးပဲ သူများDuty ဆိုရင် အဲ့ဒီ ၃နာရီလောက်မှာ mood ပါလည်းဆို mood မပါလည်း ဆို mood ကိုရအောင်ထည့်နေရတယ် ။ ကိုယ့်စတူဒီယိုဆိုရင် mood ပါရင်ဆိုမယ် ပိုပြီးတော့မှအမိုက်စားတွေကိုလည်း ဖန်တီးလို့ရတယ် ။ “ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Comments are closed.