မမနန်းဆုရဲ့နှလုံးသားတွေ အရည်ပျော်ခဲ့ရတဲ့ G fatt ရဲ့ Romantic ဆန်ဆန် တောင်းပန်စာ

မမနန်းဆုရဲ့နှလုံးသားတွေ အရည်ပျော်ခဲ့ရတဲ့ G fatt ရဲ့ Romantic ဆန်ဆန် တောင်းပန်စာ

ပရိသတ်တွေအားလုံးက စိတ်ဝင်တစားနဲ့ ချစ်ခင်ကြရတဲ့ G Fattနဲ့ နန်းဆုရတီစိုးတို့ အနုပညာရှင်စုံတွဲလေးကတော့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ ကြင်နာမှုတွေ အပြည့်အဝပေးပြီး ပျော်စရာတွေ ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့ အချစ်ရေးကို ဖန်တီးပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းဆုက အရမ်းကို Romantic ဆန်လွန်းတဲ့ တောင်းပန်စာလေး G Fatt ဆီက လက်ဆောင်ရခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ မထင်မှတ်ထားရလောက်အောင် Ro တတ်လွန်းတဲ့ G Fatt ကြောင့် ပရိသတ်တွေအားလုံးကလည်း အံ့အားသင့်ခဲ့ရတာပါနော်။

ချစ်ပရိသတ်တွေအတွက် နန်းဆုမပြောနဲ့ ဖတ်မိတဲ့ မိန်းကလေးတိုင်း ကြွေလောက်တဲ့ G Fatt ရဲ့တောင်းပန်စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုချစ်တဲ့သူမို့ ပိုခံစားနေရတဲ့အကြောင်း ရင်ဖွင့်ထားတဲ့ G Fatt ရဲ့တောင်းပန်စာ…

G Fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးကလည်း မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်လေ့ရှိပြီး ပျော်ပျော်နေတတ်တဲ့ စုံတွဲလေးမို့ ပရိသတ်တွေက အချစ်ပိုနေရတာပါ။

ချစ်တတ်လွန်းသူကြီး G Fatt နဲ့ မမချောချောနန်းဆုတို့ရဲ့ ကြည်နူး ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ရေးကလည်း ပရိသတ်တွေကို အမြဲလိုလို အားကျစေခဲ့တာပါ။ ချစ်ပရိသတ်တွေလည်း နန်းဆုနဲ့ G Fattတို့ ချစ်သူနှစ်ဦး လက်တွဲမဖြုတ်ပဲ ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို နှစ်ကိုယ်တူဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Comments are closed.