မြစ်ဆုံကိစ္စမှာ ဝင်ပါစရာမလိုဘူးဆိုတဲ့ ကျော်သူ

မြစ်ဆုံကိစ္စမှာ ဝင်ပါစရာမလိုဘူးဆိုတဲ့ ကျော်သူ

တစ်ချိန်က ဇာတ်ကားကောင်းများစွာနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ လက်ရှိအချိန် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ မြစ်ဆုံကို ပြန်ရွေးမယ်ဆိုတဲ့ ကိစ္စမှာ ဒေါ်လာမရှိဘူး ဒီကိစ္စကို သူအနေနဲ့ ပါစရာမလိုဘူးလို့ အကုန်သိမီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဦးကျော်သူက “မရှိဘူး ဒေါ်လာမှမရှိတာ။ ဧရာဝတီကိစ္စက လွန်ခဲ့တဲ့ ၅ နှစ် ကျော်လောက်ကတည်းက ကျွန်တော်တို့ လုပ်ပြီးသွားပြီ ဧရာဝတီကျိန်စာဆိုပြီးတော့ ကျွန်တော်တောင်ပွဲမှာ ကဗျာရွတ်လိုက်သေးတယ်။ ဒါတွေကိုက ကျွန်တော်က လုပ်ပြီးပြီ လုပ်ပြီးတဲ့အပိုင်းမှာ လူကြီးတွေက တိုင်းပြည်အုပ်ချုပ်တဲ့ လူကြီးပိုင်းတွေက သူတို့ ဆက်ပြီးတော့ ဆက်လုပ်ရမယ် သူတို့အလုပ်ပဲလေ။ ဒီတစ်ခါ ကျွန်တော်တို့ ပါစရာမလိုဘူး။ လူကြီးတွေ လုပ်ရမယ့်ဟာ ကျွန်တော်တို့က ပြည်သူပြည်သားတွေကိုယ်စား အရင်အခေါက်တွေက ကျွန်တော်လုပ်ခဲ့ပြီးပြီ။ အကျိုးသက်ရောက်မှုကတော့ မသိဘူးလေ ဒါက တကယ်ကာယကံရှင်တွေပဲ သိမှာ ကျွန်တော်တို့ကတော့ ဘေးက ဒါကို မဖြစ်သင့်လို့ လုပ်ပေးတာ။

ကိုယ်လုပ်ထားတဲ့ ကိစ္စကို ဘယ်လောက်အကျိုးသက်ရောက်လဲ စဉ်းလည်းမစဉ်းစားဘူး။ ကိုယ်လုပ်စရာရှိတာ လုပ်ပေးပြီးပြီ ကျွန်တော်တို့က လက်ရှိလုပ်နေရတာ ရာသီဥတုပူပြင်းတဲ့အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ သေဆုံးမှုတွေ ဒါတွေပေါ။ သေဆုံးမှု အသုဘ ချတာနဲ့ ကျန်းမာရေးဝန်ဆောင်မှု အရေးပေါ်ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေ ဒါတွေကိုပဲ အဓိက ကျွန်တော်တို့က ဇောင်းပေးပြီး လုပ်နေရတာပေါ့ ပညာရေးအပိုင်း အားကစားသင်တန်းတွေ ခါရာတေး သင်တန်းတွေ ကျွန်တော်တို့ရဲ့ ဆရာကြီး ဦးမင်းလွင်တို့ အဖွဲ့ကနေပြီးတော့ ဒီမှာ ခါရာတေးသင်တန်းပေါ့။ သူရဲ့ကလေးတွေ ကချင်ပြည်နယ်ကပေါ့ အခုဆိုရင် ဂျပန်မှာ ရွှေ၃ဆုရလာပြီ ဒါမျိုးတွေကို ကျွန်တော်တို့က အဓိက အားပေးနေရတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

အခုလတ်တလောမှာ နာမည်ကြီးနေတဲ့ ရေသူမကားနဲ့ ပတ်သက်ပြီးတော့ လည်း “အိပ်ယာဝင်ပုံပြင်တို့ ရေသူမ ဇာတ်ကားတို့ကို အမှန်တိုင်းပြောရရင် မကြည့်ဖူးဘူး အခုသူများတွေပြောတယ် ကိုရီးယား ရေသူမကားတို့ တရုတ်ရေသူမကားတို့ ဒါတွေ ရှိတယ် ကြည့်ပါလားလို့ ပြောရင် မကြည့်ဘူး။ မကြည့်ဘူးဆိုတာ သူများဟာကိုသွားကြည့်လိုက်ရင် မသိစိတိကနေ အဲ့အစွဲဖြစ်ပြီးတော့ ကိုယ်ဖန်တီးတဲ့အချိန်ကျတော့ ဒါမျိုးလေးတွေ တူသွားနိုင်တယ်။ အဲ့တာကြောင့် ကျွန်တော်မကြည့်ဘူး ကျွန်တော့်စိတ်ကူးနဲ့ ကျွန်တော်ရိုက်မယ် ဒီကားက။”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.