နားလည်မှုလွဲသွားတာကြောင့် အမေစုကိုတောင်းပန်ပါတယ်ဆိုတဲ့ ပွင့်နဒီမောင်

နားလည်မှုလွဲသွားတာကြောင့် အမေစုကိုတောင်းပန်ပါတယ်ဆိုတဲ့ ပွင့်နဒီမောင်

တစ်ချိန်ကမြန်မာအနုပညာလောကမှာမော်ဒယ်တစ်ယောက်အနေနဲ့ခြေချအောင်မြင်ခဲ့တဲ့ပွင့်နဒီမောင်ကတော့ယမန်နေ့ကတင်လိုက်တဲ့ပို့စ်တစ်ခုကြောင့်ယနေ့မနက်ပိုင်းမှာတော့နိုင်ငံရေးသမားတွေနဲ့အမေစုကိုတောင်းပန်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားလိုက်ပါတယ်။” မိသားစု ခံစားချက်ကိုရိုးရိုးရှင်းရှင်းချရေးလိုက်မိပါတယ်။အဲ့အတွက်နားလည်မှု လွဲပြီးအမေစုကိုပြောတယ်ထင်ရင်ဒီကနေပီးလေးစားစွာနဲ့အမေစုကိုတောင်းပန်ပါတယ်၊ကျွန်မကိုတော့နိုင်ငံရေးလှည့်ကွက်ထဲ မထည့်ကျဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဆိုပြီး ပွင့်နဒီမောင်ကရေးသားထားပါတယ်။

ယမန်နေ့ကတင်လိုက်တဲ့ပို့စ်မှာ လက်ရှိမီးပျက်နေမှုတွေအတွက် မေမေမှာတာဝန်ရှိကြောင်း ပြောဆိုရေးသားခဲ့တာဖြစ်ပြီး ဒီအကြောင်းနဲ့ပတ်သက်လို့ပြည်သူတွေကမင်းသမီးကိုဝေဖန်ရှုံ့ချခဲ့တာပါ။ပွင့်နဒီမောင်အနေနဲ့အဆိုပါပို့စ်ဟာမိသားစုကိစ္စသာဖြစ်ပြီးသူရည်ညွှန်းတဲ့မေမေဆိုတာသူ့ရဲ့မိခင်သာဖြစ်ကြောင်း၊ဘယ်အဖွဲ့အစည်းကိုမှပုပ်ခတ်စော်ကားလိုခြင်းမရှိကြောင်းကိုရှင်းလင်းထားပါတယ်။သူက“နိုင်ငံရေးသမားယောင်ယောင်ကဗျာဆရာယောင်ယောင်ဟိုမရောက်ဒီမရောက်ပါလေရာများ တစိတ်ရှိဆဲရေးတိုင်းထွာပြီးပြောသောသူများရေးသောသူများအတွက်တောင်းပန်ခြင်းလုံးဝမဟုတ်ပါ”ပါဆိုပြီးအဆုံးသတ်မှာ ထည့်သွင်းဖြေရှင်းထားတာကိုလည်းတွေ့ရပါတယ်။

Comments are closed.