စူပါမန်းဖြစ်ချင်လို့ ဘုရားမှာ အမြဲဆုတောင်းပါတယ် ဆိုတဲ့ ပိုင်တံခွန်

စူပါမန်းဖြစ်ချင်လို့ ဘုရားမှာ အမြဲဆုတောင်းပါတယ် ဆိုတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံမှာသာမက အာရှက မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ အမျိုးသား သရုပ်ဆောင်က ပိုင်တံခွန် ဖြစ်ပါတယ်။ တက်တူးတွေ ထိုးထားတဲ့ ကြွက်သားလှလှတွေကို မြင်အောင်ပြရင်း ရေချိုးဖို့ ခေါ်ထားတဲ့ ပို့စ်က ကိုရီးယားမှာတော့ ရေပန်းစားလို့ နေပါတယ်။ နိုင်ငံတကာ မိန်းကလေး ပရိသတ်တွေ များလာတဲ့ အကြောင်းကို ပိုင်တံခွန်က ခုလို ပြောသွားပါတယ်။

“အဲ့ဒါက အင်စတာဂရမ်က ဓာတ်ပုံတွေပေါ့နော်။ အင်စတာဂရမ်ထဲမှာက oversea က ဆိုရှယ်မီဒီယာတွေ အများကြီး ရှိတယ်။ သူတို့ကနေပြီး ဓာတ်ပုံယူသုံးပြီး တဖြည်းဖြည်းနဲ့ တစ်ခြားနိုင်ငံတွေကလည်း ယူသုံးရင်း အဲ့လို ဖြစ်သွားတာ။” ဆိုပြီး သုံးသပ်ပြပါတယ်။

ရည်းစားမရှိလို့ ငွေပိုစုမိတဲ့ အကြောင်းလည်း ပိုင်တံခွန်က ခုလို ပြောပြပါတယ်။“ရည်းစားက ရှိလိုက် မရှိလိုက်ပေါ့။ ရှိတဲ့အခါလည်း ရှိတာပေါ့။ မရှိတဲ့အခါလည်း မရှိဘူးပေါ့။ ဒါပေမဲ့ တစ်ယောက်တည်းနေတော့ တစ်ခြားလူတစ်ယောက်ကို ပေးမယ့် အချိန်ကို အလုပ်ထဲ ပေးလိုက်တာပေါ့။ စုမိပါတယ်။ တော်တော်များများ ကျွန်တော် စုမိပါတယ်။ ကျွန်တော့် အသက်အရွယ်နဲ့ ရှာနိုင်မယ့် amount ထက် ပိုပြီး စုမိပါတယ်။” လို့ ဆိုပါတယ်။

ငယ်စဉ်ဘဝက ရူးသွပ်ခဲ့တဲ့ စူပါဟီးရိုးဇာတ်ကောင်ကိုလည်း ပိုင်တံခွန်က ခုလို ပြောပြပါတယ်။“ကျွန်တော် ငယ်ငယ်က စူပါမန်းတို့ စထွက်တည်းက အရမ်းရူးတာ။ အရမ်းကြိုက်တာလေ။ ငယ်ငယ်တုန်းကဆိုရင် ဘုရားမှာ စူပါမန်း ဖြစ်ချင်လို့ နေ့တိုင်းဆုတောင်းတာ။” ဆိုပြီး ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.