Everest လေးရဲ့ သုံးလဗိုက်လေးနဲ့ အပြတ်လန်းနေတဲ့ မေမေအောန်ဆိုင်း

နိုင်ငံကျော် စူပါမော်ဒယ် ကချင်တိုင်းရင်းသူလေး အောန်ဆိုင်းကတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့သူလေးပါ ။ သူမကတော့ သူမချစ်ရတဲ့ချစ်သူနဲ့ လက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ အောန်ဆိုင်းက ပထမဆုံးသားဦးလေးဖြစ်တဲ့ “ဧဝရတ်မိုးမြင့်” ကိုလည်း နိုဝင်ဘာလ(၈)ရက် နေ့မှာအောင်မြင်စွာ မွေးဖွားလိုက်တာလည်း ဖြစ်ပါတယ်။ 

မော်ဒယ်အောန်ဆိုင်းကတော့ လူထုလှုပ်ရှားမှုတွေပြုလုပ်တဲ့ အချိန်ကတည်းက တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ခဲ့သူဖြစ်ပြီး လမ်းပေါ်မှာရှိတဲ့ အမှိုက်တွေကိုပါ ရှင်းလင်းပေးခဲ့တာ ဖြစ်ပါတယ် ။ ယခုလက်ရှိမှာ လုံခြုံအေးချမ်းတဲ့နေရာတစ်ခုကို ရောက်ရှိနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ် ။

အောန်ဆိုင်းက အားကစားလိုက်စားသူ တစ်ယောက်လည်းဖြစ်ပြီး အမြဲလိုလိုတက်ကြွနေလေ့ရှိတဲ့သူပါ။ အမြဲလိုလို ဖက်ရှင်ကျကျနဲ့ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးအများစုကြွေနေရတာပါ ။ အောန်ဆိုင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို အမှတ်တရအနေနဲ့ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ မျှဝေပေးလေ့ရှိတာ တွေ့ရပါတယ်။

 အခုဆိုရင်လည်း မေမေ အောန်ဆိုင်း က Everest လေးရဲ့ သုံးလဗိုက်လေးနဲ့ အပြတ်လန်းနေတဲ့ပုံလေးတွေကို မျှဝေထားရာ အောန်ဆိုင်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*