
ခရီးထွက်ခါနီးတောင် ဇနီးချောလေးကို စိတ်မချလို့ အဝတ်အစားကအစ ပြင်ဆင်ပေးခဲ့တဲ့ ရွှေထူး
အနုပညာနယ်ပယ်တစ်ခုစီကနေ ပရိသတ်တွေရဲ့ လက်ခံအားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်မိသွားကြတာမို့ အခက်အခဲတွေကိုရင်ဆိုင်ရင်း နှစ်ကိုယ်တူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူ ပုံဖော်နေကြတာပါ။ လတ်တလောမှာတော့ ရွှေမှုံရတီက ခရီးသွားခါနီးတောင် သူမအတွက် စိတ်မချလို့ အဝတ်အစားကအစ အသေးစိတ်ဂရုစိုက်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကြည်ကြည်နူးနူး တင်ထားတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဇနီးချောလေးကို ချစ်တတ်လွန်းတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ အစားအသောက်တွေနဲ့ အဝတ်အစားတွေကအစ ချစ်ဇနီးလေးကို ပြင်ဆင်ပေးခဲ့တာပါ။


ကြင်နာတတ်လွန်းတဲ့ ခင်ပွန်းရဲ့အကြောင်းပြောထားတဲ့ ရွှေမှုံလေး ရဲ့ဗီဒီယို

ရွှေထူးကတော့ လတ်တလောမှာ နယ်ရှိုးပွဲဆိုရင်းနဲ့ တစ်ခြားသော အနုပညာ အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေတာဖြစ်ပြီး ရွှေမှုံလေးကလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်နော်။ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က လက်ထပ်လက်မှတ်ထိုးခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ ရွှေနှစ်ရွှေစုံတွဲလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Shwe Mhone Yati’s Facebook