Bowling ပြိုင်ပစ်တာ လွှမ်းပိုင်တစ်ယောက် ရှုံးသွားလို့ စနေတဲ့ Bobby Soxer

Bowling ပြိုင်ပစ်တာ လွှမ်းပိုင်တစ်ယောက် ရှုံးသွားလို့ စနေတဲ့ Bobby Soxer

ပရိသတ်တွေ အားကျချစ်ရတဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေနဲ့ ပြီးပြည့်စုံတဲ့ အချစ်ရေးကို ပုံဖော်ဖန်တီးနေကြတာပါ။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ချစ်သူနှစ်ဦးကတော့ ချစ်သူသက်တမ်း (၉)နှစ်ကျော်ကြာအထိ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ လက်တွဲနိုင်ခဲ့တာမို့ ပရိသတ်တွေချစ်တဲ့ စံပြအတွဲလေးဖြစ်ပါတယ်။ လတ်တလောမှာတော့ Bobby Soxer က ချစ်သူနဲ့အတူ Bowling ပစ် ကစားရင်း ရှုံးသွားတဲ့ လွှမ်းပိုင်ကို စနေတဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် စုံတွဲလိုက် Bowling ပစ်ပြိုင်ရင်း ပျော်ရွှင်ကြည်နူးနေတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Bobby Soxer ကတော့ “Bowling ပြိုင်ပစ်ရာတွင် အပြတ်အသတ် ရှုံးနိမ့်သွားသော ဘိုပိုင်ကြီး 😂 ” ဆိုပြီး ချစ်သူကို စနေတဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ချစ်သူသက်တမ်း (၁၀) နှစ်နီးပါး ကြာတာတောင် တစ်ဦးကိုတစ်ဦး ကြည့်တဲ့ အကြင်နာမျက်ဝန်းတွေကတဆင့် သူတို့ရဲ့အချစ်တွေ ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ မြင်တွေ့ရနိုင်ပါတယ်နော်။

အရမ်းကို အားကျရတဲ့ စုံတွဲလေး…

လတ်တလောမှာတော့ လွှမ်းပိုင်က သီချင်းအသစ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ Bobby Soxer ကလည်း လတ်တလောမှာ သူမရဲ့ကိုယ်ပိုင်သီချင်းလေးတွေအတွက် ကြိုးစားနေတာပါ။ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင်ရှိလွန်းတဲ့ Bobby Soxer ရဲ့ပုံရိပ်တွေက ပရိသတ်တွေကို အားကျစေမှာ အမှန်ပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလဲ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေသဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Htet Htet Aung’s Facebook

Comments are closed.