ဒုတိယအကြိမ်မွေးနေ့အလှူအဖြစ်နဲ့ ရန်ကုန်ကလေးဆေးရုံကြီးမှာသွားရောက်လှူဒါန်းခဲ့တဲ့ ဖြူဖြူကျော်သိန်း

ဒုတိယအကြိမ်မွေးနေ့အလှူအဖြစ်နဲ့ ရန်ကုန်ကလေးဆေးရုံကြီးမှာသွားရောက်လှူဒါန်းခဲ့တဲ့ ဖြူဖြူကျော်သိန်း

အဆိုတော်ဖြူဖြူကျော်သိန်းတစ်ယောက် ပြီးခဲ့တဲ့ သူမရဲ့ မွေးနေ့ရက်မြတ်လေးမှာ ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းကို ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တာ ပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဒုတိယအကြိမ်မွေးနေ့အလှူလေးအဖြစ်နဲ့ ရန်ကုန်ကလေးဆေးရုံကြီးက သွးရောဂါနဲ့ ကင်ဆာရောဂါကလေးငယ်များ အတွက်ေ ငွေကျပ် ငါးသိန်းထပ်မံလှူဒါန်းခဲ့တာပဲဖြစ်ပါ တယ်။ သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ် ဖြူဖြူရေ။

ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမက ဂီတလမ်းကြောင်းကိုပဲရွေးချယ်ခဲ့ပြီး သူမရဲ့ဝါသနာ အတွက် အပြည့်အဝတာဝန်ယူထားသူတစ်ယောက်ပါပဲ။ သံစဉ်အမိုက်စားတွေဖန်တီး တတ်ပြီး သူမရဲ့သီချင်းတွေဟာလည်း ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားပြီး အချိန်အခါမရွေး နားထောင် လိုက်တိုင်း စွဲနေတဲ့ ရင်ခုန်ဖွယ်ရာ အသံကိုလည်း ပိုင်ဆိုင် ထားသူတစ်ယောက်ပါပဲ။

သူမရဲ့မွေးနေ့အလှူလေးကို ” ဒီနှစ်မွေးနေ့ကတော့အမှတ်တရပါပဲ မွေးနေ့အလှူကို နှစ်ခါပြန်လုပ်ခွင့်ရခဲ့ပါတယ် Channel K ရဲ့ Ambassador တစ်ယောက်ဖြစ်တဲ့ ဖြူဖြူ့ကို Channel K ကဒုတိယမြောက်မွေးနေ့အလှူ အဖြစ်ဒီနေ့ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာရောဂါ ဌာနမှာ နေ့လယ်စာထမင်းဟင်း၊အရုပ်နဲ့ အချိုရည် တွေလှူဒါန်းနိုင်ဖို့ပံ့ပိုးပေးတဲ့အပြင်မွေးနေ့ကိတ်မုန့်ကြီးလည်းလက်ဆောင်ပေးခဲ့ပါတယ် Thank you so much, Channel K! ဖြူဖြူနဲ့မိသားစုကလည်းသွေးရောဂါနဲ့ ကင်ဆာရောဂါ ကလေးငယ်များအတွက်ဆေးနဲ့ဆေးပစ္စည်းများ ဝယ်ယူဖို့အလှူငွေကျပ် (၅)သိန်းကို သီးသန့်ထပ်မံလှူဒါန်းခဲ့ပါတယ်

ဒီနေ့ကဖြူဖြူ့အစ်မ မမညိုရဲ့မွေးနေ့လည်းဖြစ်တာမို့ အမှတ် တရလည်း ဖြစ်ရပါတယ် အရွယ်နဲ့မမျှရောဂါခံစားနေရတဲ့သားသားမီးမီးတွေ အမြန်ဆုံး ရောဂါသက်သာပျောက်ကင်းကျန်းမာကြပါစေကြောင်းလည်း ဆုတောင်းပေးပါတယ်ရှင် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Phyuphyukyawthein

Comments are closed.