ခရစ္စမတ်ဖက်ရှင်အပြည့်နဲ့ တစ်ခြံလုံးပတ်ပြီး ပဲပေးနေ တဲ့ သမီးလေးရဲ့ ချစ်စရာပုံလေးတွေကို မျှဝေလာတဲ့ မေမေစန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ ထရက်ရှာလေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော်စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်းသော သမီးချော လေး ပဲဖြ စ်ပါ တယ်။ ထရက်ရှာလေးကတော့ လက်ရှိမှာ (၂)နှစ်အရွယ်သာရှိသေးပေမဲ့ မေမေစန္ဒီမြင့်လွင်လိုပဲချစ်မွှေးပါတာကြောင့် ပရိ သတ်တွေကချစ်ခင်နေခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။

ထရက်ရှာလေးကလည်း (၂)နှစ်သမီးလို မထင်ရလောက်အောင်ကို တတ်ပြီး လည်လွန်းလှတာကြောင့် ပရိသတ်တွေကလည်း ထရက်ရှာ လေး ကို အချစ်ပိုနေခဲ့ကြရတာပါ။ ဒီနေ့မှာလည်း ထရက်ရှာလေးက ခရစ္စမတ်ရာသီဖြစ်တာနဲ့အညီ ခရစ္စမတ်ဖက်ရှင်အပြည့်နဲ့ တစ်ခြံလုံး အနှံပတ်ပြီး ပဲပေးနေတဲ့ ပုံလေးတွေကို မေမေစနန္ဒီမြင့်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေပိုပြီး အချစ်ပိုရလောက်အောင်ကို ပိုစ့်မျိုးစုံပေးကာပဲများနေတဲ့ သမီးလေးထရက်ရှာရဲ့ ပုံတွေကို မေမေစန္ဒီမြင့်လွင်ကိုယ်တိုင် ကလည်း သဘောကျနေခဲ့တာကြောင့ သမီးလေးကိုချစ်တဲ့ပရိသတ်တွေအတွက် မျှဝေလာခဲ့တာပါ။ CeleGabar ပရိသတ်ကြီးတွေထဲက ထရက်ရှာလေးကိုချစ်တဲ့ ပရိသတ်တွေအတွက် ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Sandy Myint Lwin
Chilli – CeleGabar

Advertisement

[zawgyi]




Advertisement

Chilli – CeleGabar

Be the first to comment

Leave a Reply

Your email address will not be published.


*