
ကောက်ကြောင်းအလှတွေ အထင်းသားပေါ်လွင်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ရိုက်ကွင်းပေါ်က ဗီဒီယို
သူမချစ်တဲ့ အနုပညာအလုပ်တွေကို ရိုးရိုးသားသားလုပ်ကိုင်ရင်းနဲ့ မိသားစုကို ထောက်ပံ့နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ရိုးရှင်းပွင့်လင်းလွန်းတဲ့စိတ်ကြောင့် ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာလေးက ကြော်ငြာရိုက်ကူးရေးတစ်ခုပြုလုပ်နေတဲ့ သူမရဲ့အသည်းယားဖွယ်ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ဆပ်ပြာမြုပ်လေးတွေနဲ့ ကွယ်ထားတဲ့ သင်ဇာ့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှက ရူးခါနေအောင် လှရက်လွန်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် Body Care ကြော်ငြာနေတဲ့ သင်ဇာလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အမြဲလိုလို အလန်းစားပွဲတက်ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ရင်ကို ဗလောင်ဆူစေတဲ့ သင်ဇာဝင့်ကျော်ကတော့ ၂၀၁၈ မကုန်ခင်အထိတော့ Sexy လေးတွေဝတ်ခွင့်ပေးပါလို့ ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။

အသည်းတစ်ယားယားနဲ့ကြည့်ရမယ့် သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို
ဘယ်လိုတောင်လား သင်ဇာလေးရယ်
အနုပညာသမားကောင်းတစ်ဦးဖြစ်တဲ့ သင်ဇာလေးကတော့ အခက်အခဲတွေကို မမှုပဲ သူမချစ်တဲ့ အနုပညာကိုသာ အကောင်းဆုံးနဲ့ တာဝန်အကျေဆုံး ပုံဖော်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သင်ဇာဝင့်ကျော်ရဲ့အချစ်ရေးကတော့ လတ်တလောမှာ ငြိမ်သက်နေပြီး ချစ်ရတဲ့ မိသားစုရယ် သူငယ်ချင်းတွေရယ်နဲ့အတူ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ဝေဖန်မှုတွေကို မမှုပဲ သူမရဲ့ အနုပညာကိုသာ အကောင်းဆုံးပုံဖော်နေတဲ့ သင်ဇာလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-Momolay