ကြည့်မိသူတိုင်း အူတက်သွားမယ့် ချမ်းမြေ့မောင်ချိုရဲ့ Lemon Challenge ဗီဒီယို

ကြည့်မိသူတိုင်း အူတက်သွားမယ့် ချမ်းမြေ့မောင်ချိုရဲ့ Lemon Challenge ဗီဒီယို

ပြီးခဲ့တဲ့နှစ် မြန်မာအိုင်ဒေါလ် ပြိုင်ပွဲမှာတော့ Winner မဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချိုကတော့ လက်ရှိမှာတော့ အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်နေပါပြီ။ သူ့ရဲ့ ကိုယ်ပိုင်သီချင်းတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။ သီချင်းစာသားတွေမှားပြီး ဆိုတတ်တာကြောင့် ပရိသတ်တွေ ဝေဖန်မှုကိုတော့ လက်ရှိချိန်ထိတော့ အနည်းနဲ့ အများဝေဖန်ခံနေရသေးတာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုကိုယ်တိုင်ကလည်း သူ့အမှားတွေကို လက်ခံပြီး ပရိသတ်တွေကြားမှာ ပျော်ပျော်ပဲ နေတတ်တာကို တွေ့ရမှာပါ။ လူငယ်ဆန်ဆန် ပျော်ပျော်ရွှ့င်ရွှင်နေတတ်ပြီး အမြဲမျက်နှာပြောင်နေတတ်တဲ့ ချမ်းမြေ့မောင်ချိုတယောက်ကတော့ လက်ရှိခေတ်စားနေတဲ့ Lemon Challenge ကို လုပ်ပြထားတဲ့ ဗီဒီယိုလေးကို တင်ထားပါတယ်။ Lemon Challenge ဆိုတာကတော့ ချဉ်စုပ်နေတဲ့ သံပုရာကြီးကို ဒီတိုင်းကြီးစားပြရတာ ဖြစ်ပါတယ်။

မောင်ချိုတယောက်လည်း ဒီလိုမျိုး ချဉ်စုပ်နေတဲ့ သံပုရာသီးကို စားပြရင်း Challenge လုပ်ထားတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ စစစားချင်းမှာတော့ မောင်ချိုတယောက် အေးဆေးပါပဲ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ချဉ်လွန်းလို့ ဖြစ်သွားတဲ့ မျက်နှာကတော့ ကြည့်မိသူတိုင်း အူတက်သွားစေမှာ သေချာပါတယ်။ ဒီဗီဒီယိုလေးရဲ့ အောက်မှာလည်း ချမ်းမြေ့မောင်ချို လုပ်ထားတဲ့ Lemon Challenge ကို လိုက်ပြီးတော့ လုပ်ထားတဲ့ လူတွေလည်း ရှိပါတယ်

။ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုလုပ်သွားတဲ့ Lemon Challenge ကို လိုက်မလုပ်ချင်ကြဘူးလား။ မောင်ချိုရဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်တွေအနေနဲ့ ခွီလို့ရအောင် အောက်မှာ ဖော်ပြပေးထားပါတယ်။ ချစ်စရာလည်းကောင်း ရီစရာလည်း ကောင်းနေတဲ့ ချမ်းမြေ့မောင်ချို တယောက်ရဲ့ ဗီဒီယို လေးကို ကြည့်ပြီးတော့ မှတ်ချက်ပေးသွားကြ ပါဦးနော်။

Comments are closed.