ရင်ဖိုစရာကောက်ကြောင်းအလှကို ပြသလိုက်တဲ့ လုလုအောင်ရဲ့ ချစ်စရာဗီဒီယို

ရင်ဖိုစရာကောက်ကြောင်းအလှကို ပြသလိုက်တဲ့ လုလုအောင်ရဲ့ ချစ်စရာဗီဒီယို

ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ပုရိသတွေကို ဖမ်းစားထားတဲ့ တိုင်းရင်းသူလေး လုလုအောင်ကတော့ သူ့ရဲ့ပရိသတ်တွေကို ရင်တဖိုဖိုနဲ့ အသည်းယားစေဦးမယ့် ဗီဒီယိုလေးကို တင်လိုက်ပြန်ပါပြီ။ ခေးကြီးခေးကြီးလို့ လူသိများတဲ့ လုလုအောင်ကတော့ အမြဲတမ်းလိုလို သူ့ရဲ့ ပရိသတ်တွေကို သူ့ရဲ့ ကောက်ကြောင်း အလှတရားတွေနဲ့ အမြဲတမ်းလိုလို ဖျော်ဖြေမှုပေးနေပြီး ပရိသတ်တော်တော်များများကလည်း အားပေးလက်ခံကြတာကို တွေ့ရပါတယ်။

လက်ရှိတင်လိုက်တဲ့ ဗီဒီယိုလေးမှာတော့ လုလုအောင်ဟာ သူ့ရဲ့လှပတဲ့ ခန္ဓာကိုယ်ကို အထင်းသားပေါ်လွင်အောင် ပြသထားပြီး “ရုပ်လှနေတာနဲ့ပဲ ဘော်ဒီပိန်ပြီး လှလာတာကို သတိမထားမိလိုက်ဘူး ခိခိ” ဆိုပြီးတော့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ လုလုအောင်ကတော့ Sexy မော်ဒယ်အဖြစ် ဓါတ်ပုံတော်တော်များများ ကြော်ငြာတော်တော်များများကို ရိုက်ထားပြီး ရုပ်ရှင်တွေတော့ မရိုက်သေးပါဘူး။ ပွဲတွေတော်တော်များများကိုလည်း တက်နေရပြီး ပရိသတ်တွေနဲ့လည်း အဆက်အသွယ် မပြတ် ရင်းရင်းနှီးနှီးနေပေးတဲ့ အနုညာရှင် တယောက်လည်း ဖြစ်ပါတယ်။

Single Mother တယောက်အဖြစ် သူ့ရဲ့ဘဝကို ဖြတ်သန်းနေရသော်လည်း မော်ဒယ်လုလုအောင်ကတော့ စိတ်ဓါတ်ကျသွားခြင်း မရှိပဲနဲ့ သမီးလေးတယောက်နဲ့အတူ ဘဝကိုရှေ့ဆက်နေတာ ဖြစ်ပါတယ်။ Single Mother လို့ပြောပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းကိုတော့ အလှပဆုံး ထိန်းသိမ်းထားနိုင်ပြီး ခုချိန်ထိလည်း သူမရဲ့အလှကတော့ ကျမသွားသေးပါဘူး။

ဒါကြောင့်လည်း သူမရဲ့ပရိသတ်တွေအနေနဲ့ သူမကို စိတ်ပျက်မသွားပဲ သူမရဲ့ဖြစ်တည်မှုကို လက်ခံပေးနိုင်ပြီး လက်ရှိချိန်ထိ အားပေးနေကြတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက်လည်း လုလုအောင်ရဲ့ ရင်ဖိုစရာ ကောက်ကြောင်းအလှကို ပြထားတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

ရုပ်လှနေတာနက်ဖဲ ….ဘော်ဒီပိန်ပီး လှလာတာကို သတိမထားမိလက်ဘူးးးးခ်ခ် 🤗😄✌️

Posted by Lulu aung on Wednesday, 1 May 2019

Comments are closed.