တခြားတစ်ယောက်နဲ့ အစားထိုးလိုက်တဲ့ ခင်ပွန်း ဖြစ်သူ အကြောင်းပြောပြတဲ့ ချမ်းချမ်း

တခြားတစ်ယောက်နဲ့ အစားထိုးလိုက်တဲ့ ခင်ပွန်း ဖြစ်သူ အကြောင်းပြောပြတဲ့ ချမ်းချမ်း

နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းနဲ့ သရုပ်ဆောင် ၊ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေလက်ခံထားတဲ့ ဘုဏ်းသိုက်တို့အိမ်ထောင်ရေးပြဿနာကတော့ ပရိသတ်တွေ စိတ်ဝင်စားတဲ့ကိစ္စတစ်ခုပါ။ ဟိုတလောက ဘုဏ်းသိုက်ရဲ့အင်တာဗျူးတစ်ခုမှာချမ်းချမ်းနဲ့သူ့ရဲ့အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းအကုန်ပြောပြသွားခဲ့ပါတယ်။ ဘုဏ်းသိုက်ပြောသွားတဲ့အပေါ်မှာ ချမ်းချမ်းက 8Days နဲ့အင်တာဗျူးတစ်ခုမှာ ပြန်လည်ဖြေရှင်းထားတာရှိပါတယ်။ သူပြန်လည်ဖြေရှင်းထားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြန်ပြောပေးလိုက်ပါတယ်။

ချမ်းချမ်းပြောပြသွားတာတွေကတော့ “ဗမာအယူအဆထက်စာရင်တချို့ဗမာလူမျိုးတော်တော်များများပေါ့နော် အစ်မလည်းဗမာလူမျိုးပါပဲ ။တော်တော်များများက ဘယ်လိုခံယူသလဲဆိုတော့ အိမ်ထောင်ကွဲတာ ကျက်သရေမရှိဘူး မင်္ဂလာမရှိဘူး ။ဘယ်သူကတော့ အိမ်ထောင်ကွဲချင်မလဲ သိတယ်မလား ။ ဒါပေမယ့်မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကြောင့် အိမ်ထောင်ကွဲလာပြီဆိုရင် ဆက်လျှောက်တာကောင်း ဖို့ပဲလိုမယ် ဆက်လျှောက်တဲ့လမ်းဖြောင့်ဖြူးဖို့ ကြိုးစားဖို့ပဲလိုတယ် ။နောက်ပြန်လှည့်မကြည့်ခိုင်းနဲ့ ပြန်ပေါင်းလို့ရတဲ့ အိမ်ထောင်ရေးရတဲ့ အိမ်ထောင်ရေးရှိတယ်။ ပြန်ပေါင်းလို့မရတဲ့ အိမ်ထောင်ရေးရှိတယ်။ အဲ့ဒီလိုပေါ့ စမလုပ်ခင်ကတည်းက ဒီအမှားက ပြင်လို့ရတဲ့အမှားလား ပြင်လို့မရတဲ့အမှားလား သိသိသာသာကြီးကွာ ဦးနှောက်နဲ့စဉ်းစားလို့ရတယ်။ ဒီလင်နဲ့မယား နှစ်ယောက်ပဲရှိတာ မကျေနပ်တာရှိရင်တည့်ပြော ၊ ဖွင့်ပြော၊ မကြိုက်တာရှိရင်ပြော ။ အဲ့ဒီလိုမဟုတ်ပဲ တခြားတစ်ယောက်အစားထိုးလိုက်တယ်ဆိုရင် ဘယ်သူမှပြန်လာမှာမဟုတ်ဘူး ။ဒါအစ်မက မိန်းကလေးမို့ဒါမျိုးပြောတာမဟုတ်ဘူးယောက်ျားလေးဆိုလည်း ဒီမိန်းမငါ့နေရာမှာ အစားထိုးလိုက်တယ်။ နောက်လင်ငယ်တစ်ယောက်နဲ့နေတယ်။ ငါကတော့ပိုက်ဆံတွေရှာပေးလိုက်ရတာ နိုင်ငံခြားသွားပြီးပြန်လာတယ်။ ဒီမိန်းမက ဖြစ်ချင်တိုင်းဖြစ်တယ်။ ဘယ်နှကြိမ်ခွင့်လွှတ်နိုင်မလဲ ဒါကိုအတ္တလို့ပြောလို့မရဘူး ။

လူတစ်ယောက်က ခံစားချက်နဲ့အသက်ရှင်တာစိတ်ပျော်မှခန္ဒာကိုယ်ကျန်းမာမှာ စိတ်အမြဲတမ်းဆင်းရဲနေတဲ့လူတစ်ယောက်က ဟန်ဆောင်နေနေရလို့ရှိရင် သူဘယ်လောက်ထိနေနိုင်မှာလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူပေါက်ကွဲလာမှာပဲ။ အဲ့ဒီတော့ အိမ်ပေါ်ကဆင်းသွားဆိုတဲ့စကားထက် အိမ်ပေါ်ကဆင်းသွားလို့ပြောရအောင်လုပ်လိုက်တာ ဘယ်သူလဲ အဲ့ဒါလေးတွေပြန်စဉ်းစားရမယ်။ အစ်မOne Side မကြည့်စေချင်ဘူး။ သူဖြေထားတဲ့ အင်တာဗျူးလည်းအစ်မမကြည့်ပါဘူး ။ကြည့်ရင်ဘာမှအကျိုးမရှိဘူးလေ ကိုယ်သိပြီးသားတွေပဲ။ သူကဒီလိုပဲပြောလာမှာဆိုတော့။ အိုကေနင်ရောငါရောမှာလိုအပ်ချက်တွေရှိလို့ကွဲခဲ့ကြတယ်။ နင်ပြောသလိုငါက နင့်ကိုအချိန်မပေးဘူး ၊ ဂရုမစိုက်နိုင်ဘူး။ ငါတော့ဒီထက်လဲအချိန်လည်းမပေးနိုင်တော့ဘူး၊ ဂရုလည်းမစိုက်နိုင်တော့ဘူး။ ဘာကြောင့်လဲ ဖြစ်နိုင်သမျှတက်နိုင်သမျှတော့ ငါလုပ်ပေးခဲ့တယ်။ ငါ့မှာပိုက်ဆံလည်းရှာရတယ်။ သားသမီးလည်းထိန်းရတယ်။ နင့်ကိုလည်း အလိုလိုက်ရတယ်။ နင့်ကိုလည်းအကြိုက်ဆောင်ပေးရတယ်။ မိသားစုနဲ့လည်းပျော်ရွှင်အောင် ခရီးတွေထွက်ပေးရတယ်။ ငါထင်တာကတော့ ဒီလောက် ဆိုရင် လုံလောက်ပြီလို့ထင်တယ်။ ဒါပေမယ့်တချို့နေရာမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ထင်နေရင်တော့ လည်းနင့်ရဲ့လိုအပ်ချက်သေးသေးမွှားမွှားလေးတွေဖြည့်ပေးမယ့်လူဆီသွားရင်လည်းသွားလိုက်တော့အစ်မပြောတာရှင်းရှင်းလေးပဲ လူတိုင်းမှာ Limit ရှိတယ်။ ၁၁နှစ်တည်ထောင်လာတဲ့ အိမ်ထောင်ရေးကို ဗြန်းကနဲဖျက်ပြီးတော့ ဒီမိန်းမထွက်သွားတယ်လို့ထင်နေကြတဲ့သူတွေလဲရှိတယ်။ အဲ့ဒီ၁၁နှစ်အတွင်းမှာတစ်ယောက်နဲ့တစ်ယောက်ပျော်တာတွေရော ကောင်းတာတွေရော ဆိုးတာတွေရော ယှဉ်တွဲပြီးလာရတာလေ ဘယ်သူကတော့ ဒီအိမ်ထောင်ကြီးကိုချက်ချင်းကွဲချင်မှာလည်း ဒါပေမယ့်သည်းခံရတာတွေများလာတဲ့အခါမဖြစ်နိုင်တော့ဘူးလို့ခံယူလာတဲ့အခါ တိုက်ဆိုင်မှုမရှိတော့လို့လမ်းခွဲလိုက်ကြတာ သက်သောင့်သက်သာလေးပဲလေ။ ဘာလို့ရန်မူနေကြမှာလဲတစ်ယောက်နဲ့တစ်ယောက် ဘာလို့အတင်းတွေလိုက်ပြောနေကြမှာလဲ သိလို့လား ။ ဟိုကမေဟောင်ဖွာဟောင်ဖွာလုပ်လိုက် ဒီကနေဟောင်ဖွာဟောင်ဖွာလုပ်လိုက်ဆိုတဲ့ လူတွေကျတော့အစ်မကသနားတာ။”ဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.