နေပူကြဲကြဲကြီးထဲမှာ အလုပ်လုပ်ခဲ့ရပေမယ့်လည်း အားပေးကြတဲ့ပရိသတ်တွေကြောင့် ပျော်ပါတယ်ဆိုတဲ့ နေတိုး

နေပူကြဲကြဲကြီးထဲမှာ အလုပ်လုပ်ခဲ့ရပေမယ့်လည်း အားပေးကြတဲ့ပရိသတ်တွေကြောင့် ပျော်ပါတယ်ဆိုတဲ့ နေတိုး

နာမည်ကြီး စူပါမင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ နေတိုးဟာဆိုရင် ယောက်ျားပီသပြီး အရမ်းကို ခန့်ညားလွန်းခဲ့တာကြောင့် ပျိုတိုင်းရဲ့ အသည်းစွဲ နှင်းဆီခိုင်ကြီးတစ်ခိုင် ဖြစ်နေခဲ့ရတာပဲဖြစ်ပါတယ်။ အများရဲ့ ချစ်ခင်မှုတွေကို ရရှိထားခဲ့ရတဲ့ နေတိုးဟာဆိုရင် ယခုအချိန်အထိ လူပျိုကြီးတစ်ကိုယ်တည်းအဖြစ်နဲ့ ရပ်တည်နေဆဲဖြစ်တာကြောင့်ပါ နှုတ်ခမ်းနီမလေးတွေက အသည်းစွဲနေခဲ့ရတာပဲဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲချစ်ခင်နေခဲ့ရတဲ့ လူပျိုကြီးနေတိုးဟာဆိုရင် အနုပညာအလုပ်ကို ချစ်ခင်လွန်းခဲ့တာကြောင့် ကျရာဇာတ်ရုပ်ကနေ မည်သည့်ဇာတ်ရုပ်မျိုးကိုမဆို ပိုင်ပိုင်နိုင်နိုင် ပီပီပြင်ပြင်သရုပ်ဆောင် ပြသပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင် ပြသပေးနေခဲ့တဲ့ နေတိုးကတော့ အနုပညာအလုပ်ဖြစ်တဲ့ သရုပ်ဆောင်အလုပ်တွေကို နေပူကြဲကြဲကြီးထဲမှာ လုပ်ကိုင်ခဲ့ရပေမယ့်လည်း အားပေးကြတဲ့ ပရိသတ်တွေကြောင့် မမောနိုင် မပန်းနိုင်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

နေပူကြီးထဲမှာ ကြိုးစားပန်းစားရိုက်ကူးထားတဲ့ “Box 88″ ရုပ်ရှင်ကားကြီး ရိုက်ကူးတုန်းက ပုံရိပ်လေးတွေနဲ့ ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တဲ့ မင်းသားနေတိုးကတော့ နေပူကြဲကြဲထဲမှာ အလုပ်လုပ်တွေ လုပ်ခဲ့ရပေမယ့် ချစ်ပေးကြတဲ့ ပရိသတ်တွေကြောင့် မမောနိုင်မပန်းနိုင် ကြိုးစားလုပ်ခဲ့ကြောင်းကို ” အခုတစ်လောပေါ့ ရာသီဥတုကပူတယ်ဆိုပေမဲ့လည်း ကျွန်တော်ပျော်ပါတယ် ပရိသတ်များလဲ ပျော်ရွှင်ကြပါစေ… ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

“Box 88” ရုပ်ရှင်ကားကြီးကို နေပူကြဲကြဲကြီးထဲမှာ ကြိုးကြိုးစားစား ရိုက်ကူးထားခဲ့ရတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားခဲ့တဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို အသက်ဝင် ပီပြင်လွန်းလှပါတယ်နော်။

မတ်လ (၁) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ ပခုက္ကူ Beauty city ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ နေတိုးရဲ့ ပုံရိပ်လေးကတော့ မြင်သူတိုင်းအေးချမ်းသွားစေနိုင်လောက်တဲ့ အပြုံးလေးကို ပေးစွမ်းနိုင်ခဲ့တာပါနော်။

မတ်လ (၁) ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ ပခုက္ကူ Beauty city ဖွင့်ပွဲမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေတဲ့ နေတိုးနဲ့ ချစ်သုဝေတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်

ပခုက္ကူ က ပရိသတ်တွေကို နွေးထွေးတဲ့ အပြုံးလှလှလေးတွေနဲ့ စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံရိုက်ကူးခွင့် ပေးနေတဲ့ နေတိုးကတော့ တကယ့်ကို လေးစားစရာပါပဲနော်။

ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝကြီးမှာ ပျော်ပျော်ပါးပါးနေတတ်အောင် ကြိုးစားပြီး နေပူကြဲကြဲကြီးတွေထဲမှာ အလုပ်လုပ်ခဲ့ရပေမယ့်လည်း ချစ်တဲ့ပရိသတ်တွေရဲ့ အားပေးမှုကြောင့် မမောနိုင် မပန်းနိုင်ဘဲ ပျော်ရွှင်ခဲ့ရကြောင်း ပြောပြလာခဲ့တဲ့ နေတိုးအတွက် ပရိသတ်တွေလည်း ဂုဏ်ယူလေးစားမိမယ်လို့ ထင်ပါတယ်။ ချစ်တဲ့ပရိသတ်တွေအတွက် နေပူရင်လည်း မမူ့ဘဲ ကြိုးကြိုးစားစားနဲ့ အပင်ပန်းခံရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျ နှစ်သက်မိတယ်ဆိုရင် Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များ အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Nay Toe’s Facebook

Comments are closed.