(၂၂)နှစ်ပြည့် မွေးနေ့လေးကို ချစ်ရသူတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ ​ပိုးမမှီသာ

(၂၂)နှစ်ပြည့် မွေးနေ့လေးကို ချစ်ရသူတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ ​ပိုးမမှီသာ

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့”သိဂါင်္ရသီချင်းတစ်ပုဒ်” သီချင်းလေးထဲမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ဆေးကျောင်းသူလေး ပိုးမမှီသာကတော့ အေးချမ်းလွန်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားသူလေးပါ။ ချစ်စရာကောင်းတဲ့ ပိုးမမှီသာလေးကတော့ မနေ့ကပဲ အသက် (၂၂) နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ ပိုးမမှီသာရဲ့(၂၂) နှစ်ပြည့်မွေးနေ့လေးကိုတော့ ဘုန်းကြီးကျောင်းတစ်ခုမှာ ချစ်ရသူတွေနဲ့အတူ အလှူလုပ်ရင်း ဖြတ်သန်းခဲ့တာပါ။

ချစ်ပရိသတ်တွေအတွက် အရမ်းကိုကြည်နူးဖို့ကောင်းတဲ့ ပိုးမမှီသာရဲ့အသက် (၂၂) ပြည့်မွေးနေ့အလှူပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုးမမှီသာကတော့ “မွေးနေ့မှာချစ်ခြင်းများစွာနဲ့ဆုတောင်းပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် ❤️ 22 is sweeter with your love 🥰 Pinky’s 22” ဆိုပြီး သူမရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့မှ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အသက် (၂၂) နှစ်ပြည့်မွေးနေ့လေးမှာ အတောက်ပဆုံးအပြုံးတွေနဲ့ တွေ့မြင်ရတဲ့ ချစ်စရာကောင်မလေး ပိုးမမှီသာ

ပိုးမမှီသာရဲ့မွေးနေ့အလှူလေးကိုတော့ ချစ်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကလည်း အတူတူပါဝင်အားဖြည့်ပေးခဲ့ကြပါသေးတယ်။

ချစ်စရာကောင်မလေး ပိုးမမှီသာကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအနေနဲ့ မြင်တွေ့ချင်ကြပေမယ့်လည်း သူမက ဆေးကျောင်းပြီးအောင်တက်ပြီး ဆရာဝန်အလုပ်ကိုသာ လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ပိုးမမှီသာလေးတစ်ယောက် (၂၂) နှစ်ပြည့်မွေးနေ့လေးမှ နောင်မွေးနေ့ပေါင်းများစွာတိုင်အောင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.