တတိယအကယ်ဒမီဆုကြီးအတွက် သူမနဲ့တူတဲ့အရုပ်လေးလက်ဆောင်ရလို့ ပျော်ရွှင်နေတဲ့ ဖွေးစိန်လေး

တတိယအကယ်ဒမီဆုကြီးအတွက် သူမနဲ့တူတဲ့အရုပ်လေးလက်ဆောင်ရလို့ ပျော်ရွှင်နေတဲ့ ဖွေးစိန်လေး

ပရိသတ်တွေ အရမ်းချစ်ရတဲ့ အကယ်ဒမီဖွေးဖွေးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အရမ်းအားပေးကြပါတယ်။ဖွေးဖွေးရဲ့ ရိုက်သမျှဇာတ်ကားတွေဟာဆိုရင်လည်း ပရိသတ်တွေကြားရေပန်းစားပြီး သူမရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကို ပရိသတ်တွေက ချီးကျူးကြပါတယ်။

အကယ်ဒမီဖွေးဖွေးကတော့ အနုပညာလောကထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေ ကြော်ငြာတွေကို စတင်ရိုက်ကူးခဲ့ပြီး သေးသေးသွယ်သွယ်လေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့မင်းသမီးလေးဖြစ်လို့ ပရိသတ်တွေက သတိထားမိလာခဲ့ပါတယ်။အခုဆိုရင်တော့ ဖွေးဖွေးလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်လို့ ဝါရင့်အနုပညာရှင်တစ်ယောက်လို့ ဆိုလို့ရနေပါပြီနော်။

ဖွေးဖွေးက အခုဆိုရင် အကယ်ဒမီ၃ဆုကို ဆွတ်ခူးရရှိထားသူဖြစ်လို့ အသက်ငယ်ငယ်လေးနဲ့ ပရိသတ်အချစ်တွေ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။အခုဆိုရင်တော့ ဖွေးဖွေးက တတိယအကယ်ဒမီဆုကို ရွှေကြာဇာတ်ကားကြီးနဲ့ ရရှိထားတာကြောင့် သူမရဲ့အကယ်ဒမီပုံရိပ်လေးကို ပုံတူသိုးမွှေးအရုပ်လေးထိုးပြီး လက်ဆောင်ရထားတာကို သူမရဲ့ လူမှု့ကွန်ယက်စာမျက်နှာမှာ မျှဝေထားပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Phway Phway

Comments are closed.