မေလရဲ့ပထမဆုံးရက်မှာ အောင်ဘာလေထီဆုကံထူးရှင်တွေဖြစ်ခဲ့ကြတဲ့ အောင်ရေချမ်းနဲ့ ခင်ဇာခြည်ကျော်

မေလရဲ့ပထမဆုံးရက်မှာ အောင်ဘာလေထီဆုကံထူးရှင်တွေဖြစ်ခဲ့ကြတဲ့ အောင်ရေချမ်းနဲ့ ခင်ဇာခြည်ကျော်

သရုပ်ဆောင် မင်းသားချော အောင်ရေချမ်းနဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်တို့ကတော့ မနေ့က ဖွင့်လှစ်ခဲ့တဲ့ အောင်ဘာလေထီဖွင့်ပွဲမှာ ကံထူးရှင်တွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ တစ်ရက်နေ့ကတော့ အောင်ဘာလေထီ ဖွင့်လှစ်ကြေညာတဲ့နေ့လေးဖြစ်ပြီး မင်းသား အောင်ရေချမ်းနဲ့ မင်းသမီး ခင်ဇာခြည်ကျော်တို့နှစ်ယောက်က ထီငါးသောင်းဆုတစ်ဆုစီ အသီးသီး ကံထူးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ကတော့ ” ကျွန်မ ကံကောင်းလာပြီ ထင် ပါတယ် ဒီ နေ့ ထီ (၅၀၀၀၀) ဆု ပေါက် တယ် ၁.၅.၂၀၁၉ ” ဆိုပြီး ထီလက်မှတ်ပုံလေးနဲ့အတူ ပရိသတ်တွေကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ အောင်ဘာလေထီဆုကံထူးရှင်ဖြစ်ခဲ့တဲ့ ခင်ဇာခြည်ကျော်အတွက် ပရိသတ်တွေက ထပ်တူဝမ်းသာနေကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်ဇာခြည်ကျော်က အနုပညာအလုပ်တွေ လုပ်ကိုင်နေသလို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်။

ခင်ဇာခြည်ကျော်လိုမျိုး အောင်ဘာလေထီ ငါးသောင်းဆု ကံထူးရှင်ဖြစ်ခဲ့တဲ့ အောင်ရေချမ်းကတော့ သူရဲ့ ထီလက်မှတ်လေးကို ထီပေါက်စဉ်နဲ့အတူ တင်ထားတာ တွေ့ရပါတယ်။ မနေ့က ဖွင့်လှစ်ခဲ့တဲ့ အောင်ဘာလေ ထီဖွင့်ပွဲမှာတော့ အောင်ရေချမ်း၊ ခင်ဇာခြည်ကျော် တို့အပြင် မင်းသားချော တိုင်ရွန်ကလည်း ထီဆုနှစ်ဆု တိတိ ကံထူးခဲ့သလို မင်းသမီး ရွှေပိုးအိမ်ကလည်း ထီငါးသောင်းတစ်ဆု ကံထူးခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် အနုပညာရှင်တွေရဲ့ အပျော်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Khinzar Chikyaw Zar & Aung Yay Chan;

Comments are closed.