ဂျပန်နိုင်ငံက ကောင်ချောလေးတွေ လည်ပြန်ငေးရလောက်အောင် လှသွေးကြွယ်နေတဲ့ ရွှေကစ်လေး

ဂျပန်နိုင်ငံက ကောင်ချောလေးတွေ လည်ပြန်ငေးရလောက်အောင် လှသွေးကြွယ်နေတဲ့ ရွှေကစ်လေး

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းသူလေးကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်းမှာ အပါအဝင်ဖြစ်တဲ့ ရွှေကစ်လေးက ပြည်သူချစ်အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်းကို အပိုအလိုမရှိအောင် အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ရွှေကစ်လေးက အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ ရွှေကစ်လေးက ဂျပန်နိုင်ငံ၊ တိုကျိုမြို့လေးကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ”ဇာတိမြေ” ဇာတ်ကားရဲ့ပွဲကို တက်ရောက်ခဲ့တဲ့ ရွှေကစ်လေးက နတ်သမီးလေးတစ်ဦးလို လှသွေးကြွယ်နေခဲ့ပါတယ်။ အခုလည်း ရွှေကစ်လေးက ဂျပန်နိုင်ငံက Sakura ပန်းတွေနဲ့အတူ ဓာတ်ဖမ်းခဲ့တဲ့ ပုံလေးတွေကို ထုတ်ပြထားပါတယ်။

ရွှေကစ်လေးက လှပခမ်းနားတဲ့ သဘာဝပန်းချီကားကြီးထဲမှာ မြင်သူငေးလောက်တဲ့ ကြွေရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကစ်ရဲ့အလှက ဂျပန်ပြည်ကြီးရဲ့ အလှတရားတွေကိုတောင် ပိုမိုပေါ်လွင်စေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဂျပန်နိုင်ငံရောက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Wutt Hmone Shwe Yi;

Comments are closed.